Tuesday, November 28, 2006

ဖတ်မိတာလေးတွေ (အဆက် - ၃)

ဒီတခါတော့ ဗမာ့သမိုင်းမဟုတ်ပေမဲ့ ဗမာတွေနဲ့တော့ နည်းနည်းဆိုင်တာလေးတွေ ပြောရပါအုံးမယ်။ ကဲ သွားလိုက်ကြအုံးစို့ ဆင်ဖြူရှင်မင်းတရားကြီးဆီ။

အယုဒ္ဓယဟာ ၁၇၆၇ ဧပရယ် ၈ ရက်မှာ ဗမာလက်အောက် ကျပါတယ်။ အားလုံးသိပြီးကျတဲ့ အတိုင်း စစ်နိုင်သူ ဗမာတွေရဲ့ အကြီးအကျယ် မွှေနှောက် ဖျက်ဆီးမှုခံရတယ်ပေါ့။ စာမျက်နှာ ၃၃၃ မှာ အခုလိုရေးထားပါတယ်။

အိမ်တွေ၊ ဘုန်းကြီးကျောင်းတွေ၊ နန်းတော် အဆောက်အအုံတွေ မီးလောင်တိုက်သွင်း ခံရသလို၊ ရွှေငွေ ရတနာတွေ၊ အဖိုးတန်ပစ္စည်းတွေ အတင်းပြခိုင်းပြီး အလုလည်းခံရတယ်။ ဒါတင်အားမရပဲ လူတွေရော၊ ဘုန်းကြီးတွေပါသတ်တဲ့အပြင် မုဒိန်းမှုတွေလည်း ဖြစ်သပေါ့ (ခုတော့ ယိုးဒယားမတိုက်နိုင်လို့ ကိုယ့်လူမျိုးခြင်းပဲ ဒါတွေ လုပ်နေလေရဲ့)။ နန်းတော်ထဲက ရွှေငွေ၊ ကျောက်သံပတ္တမြားတွေ ကြိုက်သလို မွှေယူကြပြီး ဗုဒ္ဓရွှေဆင်းတု၊ ငွေဆင်းတုတွေ ကိုအရည်ကျိုပြီး ရွှေတွေ ငွေတွေ ယူကြသေးတယ်။ (မန္တလေး မဟာမြတ်မုနိဘုရားကြီး ဘာလို့များ ဗိုက်ဖောက်ခံရပါလိမ့်နော်)

ထားတော့။ ဆက်ရေးရင် သိပ်ရှည်နေမယ်။ တရုပ်ရန် ထလာလို့ ဗမာတပ်တွေဟာ ဇွန်လ ၁၇၆၇ မှာ အယုဒ္ဓယကနေ ခွာလာခဲ့တယ်။ ၁၇၆၇ နိုဝင်ဘာ ၆ မှာ လက်ကျန် ဗမာခံတပ်ချေမှုန်းခံရပြီး အယုဒ္ဓယပြန်လည် လွတ်မြောက်ပါသတဲ့။

ဒီမှာ ဗဟုသုတ သိစေချင်တာလေးတွေ တွေ့ပါတော့တယ်။ ကျနော် တသက်လုံးထင်ခဲ့တာက လက်ရှိ အယုဒ္ဓယဟာ ကျနော်တို့ ဗမာတွေ ဖျက်ဆီးခဲ့တာ၊ အားလုံး ဗမာလက်ချက်လို့ ယူဆခဲ့တာပါ။ အဲ.. အကုန်မဟုတ်ပါဘူးဗျာ။ အောက်မှာ ကူးထားတာကို ဖတ်ကြပါ။


“According to the report of Mr.Corre, the French missionary who arrived in Dhonburi in 1767, he mentioned that dearth caused people to melt down Buddha statues for gold and silver. “

“The Chinese, and even the Siamese, not being able to sustain their subsistence by hard work, turned towards the temples. The Siamese, in accordance with their beliefs, had buried immense sums of gold and silver in the statues. They found them in the head, in the chest, under the feet, and especially in the pagodas.”

“The temples became ovens where people melted the statues for brass and copper.”

Mr.Corre said in a letter dated 1 November 1769 :
“Last year, and even this year, the Chinese and the Siamese had no other occupation except to destroy the statues and the pagodas.”

“I was already back in Siam when the Chinese have destroyed Wat Phu Thai, that great pagoda which is near to the seminary. They have found three enough gold to load three boats. In the temples of the Priest-King, Wat Padu, they have found up to five jars of silver, and also in other wats according to proportion.

The pitiful state to which the temples have been reduced could not be said to be better than the picture of our ovens. The walls are entirely pitch-black, the paved floor covered with charcoal and broken bits of Buddha statues.”

M.L. Manich Jumsai, 1977, Popular History of Thailand, p-p. 348-352


ဒီလောက်ဆို မှန်းလို့ ရပါပြီနော်။ ၁၇၆၇ ကနေ ၁၇၆၉ အထိမှာ အယုဒ္ဓယက ဘုရားတွေ ဆင်းတုတွေ (ဗမာတွေ မဖျက်ဆီးခဲ့တာတွေပေါ့လေ) တရုပ်တွေနဲ့ အယုဒ္ဓယသားတွေ ကိုယ်တိုင် ဖျက်ခဲ့ကြတာကိုး (ဘယ်လို အကြောင်းကြောင့်ပဲ ဖြစ်ဖြစ်ပေါ့)။ ဒါလေး ဖတ်ပြီး နည်းနည်းတော့ စိတ်သက်သာသွားသလိုပဲ။ ၂ နှစ်ကြီးများတောင် အားရပါးရ ဖျက်ကြတယ်ဆိုတော့ ဗမာတပ်တွေဟာ စေတီ ပုထိုးတွေကို သိပ်မဖျက်ခဲ့ကြဘူးလို့ ယူဆရမှာပါ။ ခုဆို ကျနော်ဟာ အယုဒ္ဓယအတွက် အားနာစရာ၊ စိတ်မသန့် ဖြစ်ရတာ တော်တော်တော့ သက်သာသွားသပေါ့။ ဒါပေမယ့်လည်းပေါ့လေ ဆိုးတာတော့ ဆိုးခဲ့ကြပါတယ်။ (တချို့ကတော့လည်း ဘုန်းမီးနေလ တောက်ပခဲ့တယ်လို့ သုံးကြသပေါ့။ မှတ်ကြပါ၊ မှတ်ကြပါ။ သူများကို ကျွန်ပြုတာ မဟုတ်ပါဘူး။)

0 comments: