Friday, November 10, 2006

ဖတ်မိတာလေးတွေ

သမိုင်းဆိုတာ မတုံးအောင်သင်ရတာလို့ ဒေါက်တာသန်းထွန်းက ပြောလို့ ယိုးဒယားတွေ သူတို့နဲ့ ဗမာနဲ့ နောင်ဂျိန် ပလေးကြတာကို ဘယ်လိုတွေများ ရေးထားသလဲဆိုပြီး ရှာဖတ်ကြည့်မိတော့။ လားလား။ မကြားဖူးတာတွေ မသိခဲ့တာတွေ ဖတ်လိုက်ရသဗျို့။

ကြပ်ပြေးက ရုပ်တုကြီးတွေတော့ အောက်ကစာဖတ်ပြီး ဘာများပြောမလဲမသိ။ သူ့တို့ရှေ့သွားသွားပြီး နယ်ချဲ့ တွေ၊ ကျူးကျော်ရေးသမားတွေ ဘာညာ အော်အော်နေတော့ အတော် နေရထိုင်ရ ခက်ရှာမှာပဲ။ ရုပ်တုဆိုတော့ ထွက်ပြေးလို့လည်းမရ၊ အော်ဒုက္ခ။

The following is an extract from page 193 of “Popular History of Thailand” by M.L. Manich Jumsai.

In all sieges of Ayudhya the Burmese had up to 1000 picked Portuguese soldiers led by their own captains to fight for the Burmese kings. Thus, Tabinshweti had Joano Cayeyro and his fearless Portuguese as his bodyguard, and later Diego de Mello and his men to command the artillery. He besieged Ayudhya using artillery manned by Portuguese.(1) Bayinnaung also used Portuguese mercenaries in his army who used firearms with great effect.(2) Great number of Portuguese had been allowed and even encouraged to settle down in Burma and marry Burmese wives so that their descendants could serve Burmese kings.
(1) W.S.Desai. ”Pageant of Burmese History”, p. 59
(2) W.S.Desai: ditto, p. 68.

ဒါလည်းဖတ်ပြီးရော စဉ်းစားမိတယ်။ ကျနော်တို့ တတွေ ပေါ်တူဂီသွေးများ ပါလေမလားလို့။ ပြောမရဘူးနော်။ နတ်ရှင်နောင်ခမျာ ငဇင်ကာကောင်းမှုနဲ့ သုဂတိလားသွားတာ။ ငဇင်ကာကို သူခေါ်တာရော ဟုတ်ပါ့မလားရယ်။ တပင်ရွှေထီးတို့ ဘုရင့်နောင်တို့ ကျေးဇူးတွေ ဖြစ်နိုင်တာပဲကို။

အော်ကြုံတုန်းလေး ပြောပါရစေအုံး။ သူတို့ အပြောအရတော့ အလောင်းဘုရားဟာ အယုဒ္ဓယကို အပြင်ကနေ အမြောက်နဲ့ စိမ်ပြေနပြေ နေ့စဉ်ရက်ဆက် နေ့ရောညပါ သမနေတုံး ကံကြမ္မာက ဖန်လာတော့ နေရင်းထိုင်ရင်း ကိုယ့်အမြောက်ဆန်ကထကွဲ အပိုင်းအစမှန်ပြီး ဒဏ်ရာပြင်း ရပါလေရောတဲ့။ ၁၇၆၀ ဧပရယ် ၁၆ မှာလို့ဆိုပါတယ်။ အဲဒီညမှာပဲ အလောင်းဘုရားကိုယ်တိုင် ဆုတ်မိန့်ပေးပြီး အပြန်လမ်းမှာ ဆုံးပါတယ်တဲ့။ ၂၀ ဧပရယ်မှာမှ ပြုသမျှနုနေရတဲ့ ယိုးဒယားစစ်တပ်က လိုက်တိုက်ပေမယ့် ဘာမှမလုပ်နိုင်ပါဘူးတဲ့။ ဖြစ်မှဖြစ်ရလေ။ ဘယ့်နှယ် ဗန္ဓုလနဲ့ လာတူနေပါလိမ့်ရယ်။

ကျနော်တို့ မသိတဲ့ သမိုင်းလေးတချက်ပါ။ ကြိုက်တာတချက်က ယိုးဒယားတွေက သူတို့တော်လို့ အလောင်းဘုရား ဆုတ်ပြေးရတယ်လို့ မရေးတာကိုပါ။ သမိုင်းဟာ အမှန်အတိုင်းရှိသင့်ပါတယ်။

4 comments:

Ka Daung Nyin Thar said...

i really like this fact.

actually, one of my burmese colleague in work has portugese blood mixed. hehe..

boedawgyi said...

i m portuguese descent :)

generation96 said...

အင်း..ဗမာမလေးတွေလည်း ခုလောက်ဆို ပေါ်တူဂီ ကိုကိုတွေ ကျေးဇူးနဲ့ ဟိုရောက်ချင်ရောက်နေမှာနော်။ ပေါ်တူဂီ ဘောလုံးအသင်း အင်္ကျီဒီဇိုင်း ထုပ်တဲ့သူမှာ ဗမာသွေးများ ပါလေသလားလို့။ ယောဂီရောင်ကြီး လုပ်ထားလို့လေ။ ဟီး..

Anonymous said...

let's call her a heroine. martyr is used more for dead, i supposed. we can't afford to let her die, can we?