Wednesday, November 29, 2006

ဖတ်မိတာလေးတွေ (အဆက် - ၄)


ကျနော်မသိခဲ့တဲ့ အကြောင်းလေးတွေ ဖတ်မိပြန်လို့ ဝေငှလိုက်ပါတယ်။ သိပြီးသားဆိုရင်တော့ sorry ပေါ့နော်။ ဒီတခေါက်တော့ ဗန်ကောက် နန်းတော်တွင်းက မြစိမ်းဆင်းတုတော်အကြောင်းပါ။

မြစိမ်း ဆင်းတုတော်ကို ၄၃ ဘီစီမှာ ပတ္တလိပုတ်မှာ Lord Abbot Nagasena ကပြုလုပ်ခဲ့ပါသတဲ့။ ဒီလိုနဲ့ နှစ် ၃၀၀ လောက်အကြာမှာ အိန္ဒိယ ပြည်တွင်းစစ်နဲ့ ဘာသာခြားတွေရဲ့ ရန်ကြောင့် ဗုဒ္ဓဘာသာယုံကြည်သူတွေက သီရိလင်္ကာကို ဆောင်ယူစံမြန်းစေတာ အေဒီ ၄၅၇ အထိပါပဲ။ ဒီအချိန်မှာ ပုဂံပြည့်ရှင် အနော်ရထာဟာ ဗုဒ္ဓသာသနာ ပြန့်ပွားရေး အထူးဆောင်ရွက်နေတာပါ။ ဗုဒ္ဓကျမ်းဂန်တွေနဲ့ မြစိမ်းရုပ်တုကို ပုဂံက ကိုယ်စားလှယ်တွေလွှတ် မေတ္တာရပ်ခံလာတဲ့အချိန်မှာ သီဟိုဋ္ဌ်သားတွေက လိုလိုလားလားပေးပို့ခဲ့ပါတယ်။

ဒါပေမယ့် ရုပ်တုနဲ့ ကိုယ်စားလှယ်တွေကို ပြန်သယ်ဆောင်လာတဲ့ သင်္ဘောဟာ မုန်တိုင်းအကြီးအကျယ်မိပြီး လမ်းပျောက်ကာ ကမ္ဘောဒီးယားကို ရောက်သွားပါရော။ အဲဒီကမှ ကမ္ဘောဒီးယားကို ယိုးဒယားအောင်နိုင်တော့ အယုဒ္ဓယကိုရောက်၊ ပြီး ဟိုရောက် ဒီရောက်ပေါ့ဗျာ။ ဘုရင့်နောင်ကြီး အယုဒ္ဓယကိုသိမ်းတော့ ချင်းမိုင်သားတွေက ချင်းမိုင်ကိုယူ၊ ၁၅၅၀ မှာ လာအိုမင်းသားကျေးဇူးနဲ့ လာအိုပါရောက်ပါသေး။ ၁၇၇၈ (၀ီကီမှာတော့ ၁၇၇၉ လို့ဆိုပါတယ်) ယိုးဒယားက လာအိုကို အောင်နိုင်တော့မှ မြစိမ်းဆင်းတုဟာ ယိုးဒယားပြန်ရောက်လာပြီး ဗန်ကောက်မှာထားတာ ဒီနေ့အထိပါပဲ။

အသေးစိတ် သိချင်သေးရင် ဟောဒီမှာ ဖတ်ပါ။ စာအုပ်ထဲကနဲ့ ခုနှစ်သက္ကရာဇ် တချို့ကလွဲလို့ အားလုံးနီးပါး တူပါတယ်။

ကဲကဲ၊ ဗန်ကောက်များရောက်ရင် အနော်ရထာကြီးမဖူးလိုက်ရတဲ့ မြစိမ်းဆင်းတုကို သွားဖူးကြပါအုံး။ မုန်တိုင်းများ မမိခဲ့ရင်တော့ ခုလောက်ရှိ ပုဂံဘုရား တခုခုမှာ စံနေလိမ့်မပေါ့နော်။

1 comments:

Anonymous said...

မြဆင်းတုတော်လို့ အလွယ်ခေါ်ကြသော်ညားဒ မြံ့ါပြုလုပ်ထားချင်းမဟုတိပါတယ့်