Thursday, February 15, 2007

We are the world...

"We Are the World" is a 1985 song written by Michael Jackson and Lionel Richie, produced and conducted by Quincy Jones and recorded by a supergroup of popular musicians billed as USA for Africa. The charity single was intended to raise funds to help famine relief efforts in Ethiopia. (Reference:wikipedia)

Well, more than 20 years on, after the debut of the song, we are seeing the same situation in Burma. This song now really applies to Burma.


LYRIC

There comes a time
When we heed a certain call
When the world must come together as one
There are people dying
Oh and it's time to lend a hand to life
The greatest gift of all
We can't go on
Pretending day by day
That someone, somewhere will soon make a change
We are all a part of
God's great big family
And the truth, you know love is all we need
[Chorus]
We are the world
We are the children
We are the ones who make a brighter day
So let's start giving
There's a choice we're making
We're saving our own lives
It's true we make a better day
Just you and me
Send them your heart
So they know that someone cares
And their lives will be stronger and free
As God has shown us by turning stone to bread
And so we all must lend a helping hand
[Chorus]
We are the world
We are the children
We are the ones who make a brighter day
So let's start giving
There's a choice we're making
We're saving our own lives
It's true we make a better day
Just you and me
When you're down and out
and there seems no hope at all
But if you just believe
There's no way we can fall
Well, well, well, well, let's realize
That a change can only come
When we stand together as one
[Chorus]
We are the world
We are the children
We are the ones who make a brighter day
So let's start giving
There's a choice we're making
We're saving our own lives
It's true we make a better day
Just you and me

2 comments:

Monday, February 12, 2007

Union Day, Bogyoke's Birthday

In honour of our Union Day(February 12) and Bogyoke's Birthday (February 13)

4 comments:

Friday, February 09, 2007

၉၆ မျိုးဆက်ကျောင်းသားများအဖွဲ့(ပြည်ထောင်စုမြန်မာနိုင်ငံ) ကြေညာချက်အမှတ် ၁/၂၀၀၇

၉၆ မျိုးဆက်ကျောင်းသားများအဖွဲ့(ပြည်ထောင်စုမြန်မာနိုင်ငံ) ကြေညာချက်အမှတ် ၁/၂၀၀၇

ယနေ့ အချိန်အခါသည် တိုင်းပြည်၏ လုံခြုံရေး၊ စီးပွားရေး၊ နိုင်ငံရေး အခြေအနေများ အပေါ်အခွင့်ကောင်းယူ အမြတ်ထုတ်ကြမည့် နယ်ချဲ့လက်ပါးစေများ ထကြွနေသည်ဖြစ်၍ နိုင်ငံတော်ကို ချစ်မြတ်နိုးသော၊ သူ့ကျွန်မခံလိုသော ပြည်သူတရပ်လုံး နှင့်အတူ ကျွန်ုပ်တို့ ရပ်တည်သွားမည်ဖြစ်ကြောင်း အသိပေးအပ်၏။ ပြည်ထောင်စုမြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားအပေါင်းသိစေသောငှာ ကျွန်ုပ်တို့ ၉၆ မျိုးဆက်ကျောင်းသားများအဖွဲ့ (ပြည်ထောင်စုမြန်မာနိုင်ငံ)မှ အောက်ပါအချက်များအတိုင်း ကျွှန်ုပ်တို့၏ ရပ်တည်ချက်ကို ကြေညာအပ်သည်။

၁။ ကျွန်ုပ်တို့ ကိုယ်တိုင်ဦးဆောင်ပါဝင်ခဲ့သော ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုသည် မှား၏။ ယင်းလှုပ်ရှားမှုသည် အနောက်အုပ်စု လိုလားသူတို့၏ မြှောက်ထိုးပင့်ကော်လုပ်ခြင်းကို ကျွန်ုပ်တို့ ယုံမှား၍ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်၏။

၁ (က)။ တပ်မတော်အနေနှင့် လှုပ်ရှားမှု၏ မီးပွင့်ဖြစ်သော စက်မှုကျောင်းသားများအား လုံခြုံရေးဝန်ထမ်းများမှ ကန်ကျောက်ရိုက်နှက်မှုကို ကျောင်းသားမှန်းမသိ၍သာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲများတွင် ရှင်းပြခဲ့ပြီးဖြစ်၏။ ထို့ကြောင့် ကျောင်းသားတို့အား တပ်မတော်မှ ရိုသေလေးစားကြောင်းသိသာ၏။ သာမန်ပြည်သူထက် အလေးဂရုပြုကြောင်းသိသာ၏။ ထို့ကြောင့် ပြဿနာဆက်ရှာခဲ့မိသော ကျွန်ုပ်တို့သည်မှား၏။

၂။ ကျွန်ုပ်တို့၏ နောင်တော် အမတော်များ ပါဝင်ခဲ့သော ၁၉၈၈ အရေးတော်ပုံဟု ခေါ်လေ့ရှိကြသော ၈၈ ဆူပူအကြမ်းဖက်လှုပ်ရှားမှုသည်လည်း မှား၏။ ယင်းလှုပ်ရှားမှုသည် တိုင်းပြည်ကို ကျွန်ဘ၀သို့ ပြန်လည်သွတ်သွင်းလိုသူ အာဏာရူးတို့၏ ကြိုးကိုင်ချက်ဖြစ်၏။

၂ (က)။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေါင်းဆောင်ကြီး ဦးနေ၀င်းမှ “စစ်တပ်ဟာ ပစ်ရင် မှန်အောင် ပစ်တယ်။ မိုးပေါ်ထောင်ပစ်တာတွေ ဘာတွေမရှိဘူး” ဟု တိုင်းပြည်သို့ တရားဝင် ရုပ်မြင်သံကြားမှ ကြိုတင်သတိပေး၏။ ယင်းသတိပေးချက်ကို နားမလည်သည့် သူများအား တပ်မတော်မှ ပစ်ခတ်နှိမ်နင်းခြင်းသည် တပ်မတော်၏ အမှားမဟုတ်။

၃။ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများ ရှိသည် ဆိုခြင်းသည် မှား၏။ အမှန်မှာ ယင်းနိုင်ငံရေးသမားအမည်ခံ ပုဂ္ဂိုလ်တို့သည် တရားဥပဒေကို ချိုးဖောက်၍သာ ရာဇ၀တ်သားအနေနှင့် အရေးယူရခြင်းဖြစ်၏။

၃ (က)။ တပ်မတော်သည် နိုင်ငံတော် အာဏာကို ၁၉၈၈တွင် ရယူပိုင်ဆိုင်ပြီးဖြစ်၍ နိုင်ငံတော်ဥပဒေသည်လည်း တပ်မတော်၏ လက်ဝယ်တွင်သာရှိ၏။ သို့ဖြစ်၍ ဥပဒေချိုးဖောက်မှုမရှိဟု ငြင်းဆိုကြသော ယင်းနိုင်ငံရေးသမားများသည် မှား၏။

၎။ မြန်မာနိုင်ငံတွင် အဓမ္မလုပ်အားပေး ခိုင်းစေမှုများ ရှိသည်ဆိုခြင်းသည် မှား၏။ ယင်းစွပ်စွဲချက်များသည် ပြည်ပအားကိုး ပုဆိန်ရိုးများမှ လုပ်ကြံဝါဒဖြန့်ခြင်းသာဖြစ်၏။

၎ (က)။ မြန်မာနိုင်ငံသူနိုင်ငံသားတို့သည် တိုင်းပြည်ကို ချစ်ခင်ကြသူများဖြစ်၍ အချုပ်အခြာ အာဏာကို တပ်မတော်မှလွဲ၍ တပါးသူလက်ထဲမကျရောက်စေရန် ကာကွယ်လျက်ရှိသော တပ်မတော်ကြီးကို စေတနာအလျောက် လုပ်အားပေးကြခြင်းသာဖြစ်၏။ တပ်မတော်သားတို့ စစ်ဆင်ရေးတွင် အသုံးပြုနိုင်ရန် နယ်စပ်ဒေသများသို့ လမ်းဖောက်ရာတွင် လည်းကောင်း၊ တံတားဆောက်ရာတွင် လည်းကောင်း၊ တပ်မတော်သားတို့ အတွက် စားရေ ရိက္ခာများ ကူညီသယ်ပိုးရာတွင် လည်းကောင်း၊ သောင်းကျန်းသူများအား နှိမ်နင်း၍ သောင်းကျန်းသူ အားပေးသော ရွာများအား မီးရှို့ဖျက်ဆီးရာတွင် အသုံးပြုရန် လက်နက်ခဲယမ်းမီးကျောက်များ သယ်ယူရာတွင် လည်းကောင်း၊ မြန်မာပြည်သူ ပြည်သားတို့မှ မအိပ်၊ မစားပဲ အပင်ပန်းခံ ကူညီကြခြင်းသာဖြစ်၏။ ထိုသို့ အကူအညီပေးခြင်းများကို အတင်းအဓမ္မခိုင်းစေသည်ဟု စွပ်စွဲချက်များသည် မှား၏။

၎ (ခ)။ ထပ်မံထောက်ပြရသည်ရှိသော် တပ်မတော်သည် ယင်းစေတနာ့ဝန်ထမ်းများ အပင်ပန်းသက်သာ စေနှင့်သောငှာ လမ်းတံတားများကို တပ်မတော်ယာဉ်များ အသုံးပြု ရယုံသာ တည်ဆောက်၏။ လွန်စွာချောမွေ့သော လမ်းတံတားများအဖြစ် အပင်ပန်းခံ တည်ဆောက်ခြင်းမပြု။ တပ်မတော်သည် သိတတ်၏။ ယင်းလမ်းတံတားများသည် မြန်မာပြည်၏ မည်သည့် ရှေ့တန်းစစ်မျက်နှာသို့ မဆို တပ်မတော်သားများ အချိန်တိုတိုအတွင်း ရောက်ရှိနိုင်ရန် အသုံးပြုရန်ဖြစ်၏။ စားရေရိက္ခာများ မပြတ်ပေးပို့နိုင်ရန် အသုံးပြုရန်ဖြစ်၏။ နိုင်ငံတော်အကြီးအကဲများသည် လေယာဉ်၊ ရဟတ်ယာဉ်များသာ သုံးသည်ဖြစ်၍ ယင်းလမ်းများသည် ချောမွေ့၍ အများသုံးနိုင်ရန်မလိုအပ်။ ထို့ကြောင့် တပ်မတော်ယာဉ် သွားလာနိုင်ယုံ တည်ဆောက်ထားခြင်းများအား လမ်းတံတားများ မညီညာ၊ ပျက်လွယ်သည်ဟု ဆိုခြင်းများသည် တပ်မတော်၏ စေတနာကို နားမလည်ရာရောက်၏။

၅။ အမျိုးသားညီလာခံကြီးအား အချိန်ကြာမြင့်စွာ ကျင်းပနေသည်ဟု ပြောဆိုဝေဖန်မှုများသည်လည်း တပ်မတော်၏ စေတနာကို နားမလည်ရာရောက်၏။ ယင်းဝေဖန်သူများသည် အနောက်အုပ်စု၏ မှိုင်းမိနေသူများသာဖြစ်၏။

၅ (က)။ ဒီမိုကရေစီ ပြည့်ဝပါသည်ဆိုသော ယင်းအနောက်နိုင်ငံများသည် ကျွန်ုပ်တို့ကဲ့သို့ အမျိုးသားညီလာခံ ကျင်းပခဲ့ခြင်းမရှိ၍ ခိုင်မာသည့်ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိကြပေ။ ထိုဒီမိုကရေစီနိုင်ငံတို့သည် ယင်း အခြေခံဥပဒေ အားနည်းချက်ကြောင့် အစိုးရများ တည်မြဲမှုမရှိ။ လေးနှစ်တကြိမ် (သို့မဟုတ်) ငါးနှစ်တကြိမ် (သို့မဟုတ်) ဆူပူမှုများ ဖြစ်ပွားလျှင် ပိုမိုစောစီးစွာ အာဏာလက်လွှတ်၍ ရွေးကောက်ပွဲများ ကျင်းပကြရသည်။ ထို့ကြောင့် တည်ဆဲအစိုးရများ အနေနှင့် တိုင်းပြည်ကို ရေရှည် အုပ်ချုပ်နိုင်မှုမရှိသည်ဖြစ်၍ တိုင်းပြည်တိုးတက်စေရန် ဆောင်ရွက်ခွင့် ပိုမိုနည်းပါးသည်။ ပြည်ထောင်စုမြန်မာနိုင်ငံအား ထိုသို့သော အခက်အခဲများ မဖြစ်ပွားစေရန် ရည်ရွယ်၍သာ တပ်မတော်မှ ယခုသို့ အမျိုးသားညီလာခံကြီးအား အချိန်ယူ ကျင်းပနေခြင်းဖြစ်သည်။ သို့မှသာ တိုင်းပြည်အား ရေရှည် အုပ်စိုးနိုင်သော အစိုးရကို တည်ဆောက်နိုင်ပေမည်။

၆။ နိုင်ငံတော်အား စီးပွားရေး ပိတ်ဆို့ခြင်းများသည် မှား၏။ ယင်းလုပ်ရပ်မှာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မည်ကို မနာလို မရှုစိမ့်သော ပြည်ပနိုင်ငံကြီးများ၏ အားထုပ်မှုသာဖြစ်၏။ စီးပွားရေး ပိတ်ဆို့မှုအား ထောက်ခံကြသူတို့သည်လည်း အနောက်အုပ်စု၏ ပြည်တွင်း ပုဆိန်ရိုးများသာ ဖြစ်၏။

၆ (က)။ စီးပွားရေး ပိတ်ဆို့မှုအား တပ်မတော်အစိုးရ အနေဖြင့် အလေးဂရုပြုခြင်းမရှိပေ။ ယင်းအချက်ကို တပ်မတော်ခေါင်းဆောင်များစီးနင်းနေသော ခေတ်ပေါ် ပါဂျဲရိုး၊ ထရူပါ၊ လမ်ခရူဇာ ကဲ့သို့သော မော်တော်ယာဉ်များ၊ အလုံးပေါင်းမြောက်မြားစွာသော အိမ်များ၊ ခြံများ၊ သိန်းပေါင်းမြောက်မြားစွာ အကုန်အကျခံကျင်းပကြသော မင်္ဂလာလက်ထပ်ပွဲများ၊ ညစာစားပွဲများမှ သက်သေတည်သည်။ ယင်းတပ်မတော်ခေါင်းဆောင်များသည် စစ်တန်းလျားတွင်းမှ နည်းပါးလှစွာသော နိုင်ငံတော်လခစားဘ၀မှ ယခုသို့ အိုးပိုင် အိမ်ပိုင်၊ သူကြွယ်များဘ၀သို့ လုပ်ဆောင်နိုင်သည်ဖြစ်၍ စီးပွားရေး ပိတ်ဆို့မှုအား အရေးထားခြင်းမရှိကြောင်းထင်ရှား၏။ “စီးပွားရေး ပိတ်ဆို့မှု တို့မမှုပါ” ဟူသော သီချင်းအား ပြည်သူပြည်သားတို့ ဂရုပြုမည့်မည်ဟု ကျွန်ုပ်တို့ ယူဆ၏။

၇။ နိုင်ငံတော်အား လက်နက်ရောင်းဝယ်မှု ပိတ်ဆို့ထားခြင်းသည်လည်း မှား၏။ ယင်းလုပ်ရပ်သည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိပါးလိုသူ အနောက်အုပ်စုနှင့် ပြည်တွင်း သစ္စာဖောက်တို့၏ လုပ်ရပ်ဖြစ်၏။

၇ (က)။ ယင်းတို့သည် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော ၇ ဇူလိုင် အရေးအခင်း၊ ဦးသန့် အရေးအခင်း၊ ဆင်မလိုက်သင်္ဘောကျင်း အလုပ်သမားအရးအခင်း၊ မှိုင်းရာပြည့် အရေးအခင်း၊ ၈၈အရေးအခင်း၊ စသဖြင့် တပ်မတော်မှ မလွှဲသာ၍ ပစ်ခတ်နှိမ်နင်းခဲ့ရသော အရေးအခင်းများကို ပြန်လည်ထောက်ပြကာ တပ်မတော်အားနည်းအောင် လုပ်ဆောင်နေခြင်းသာဖြစ်သည်။ မည်သို့ပင် လက်နက်ရောင်းဝယ်မှု ပိတ်ဆို့စေ၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ မိတ်ဆွေရင်းချာများ ဖြစ်ကြကုန်သော တရုတ်၊ ရုရှနှင့် အစ္စရေးတို့ ထံမှ နှစ်စဉ် ဒေါ်လာ သန်းပေါင်းများစွာတန်ဖိုးရှိသော ခဲယမ်းမီးကျောက်များ၊ စစ်သုံးမော်တော်ယာဉ်များ၊ ရဟတ်ယာဉ်များ၊ တင့်ကားများ၊ တိုက်လေယာဉ်များ စသဖြင့် မြောက်မြားစွာ ၀ယ်ယူရရှိနေ၏။ ယခုဆိုလျှင် ခေတ်မှီလက်နက်များ ထုတ်လုပ်လေ့ရှိသော မြောက်ကိုရီးယားမှလည်း အကူအညီများ ပေးနေပြီဖြစ်၍ တပ်မတော်မှ ပိတ်ဆို့မှုအား အလေးထားခြင်းမရှိခြေ။

၈။ အချုပ်ဆိုရသော မိမိတို့ ၉၆ မျိုးဆက်ကျောင်းသားများအဖွဲ့(ပြည်ထောင်စုမြန်မာနိုင်ငံ)သည် တပ်မတော်အစိုးရနှင့် လက်တွဲ၍ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တရပ်တည်ဆောက်ရန်ဆုံးဖြတ်ပြီးဖြစ်၏။ မိမိတို့အနေနှင့် တပ်မတော်အစိုးရမှ ပေးအပ်လာမည့် စီးပွားရေး လုပ်ပိုင်ခွင့်များတွင် အားသွန်ခွန်စိုက် လုပ်ကိုင်မည်ဟုလည်း အဓိဋ္ဌာန်ပြု၏။ ထိုလုပ်ပိုင်ခွင့်များ တွင်လုပ်ကိုင်ရန်လည်း မိမိတို့အဖွဲ့တွင် တပ်မတော်၏စေတနာမှန်ကို နားလည်သည်ဖြစ်သော မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်သော အဖွဲ့ဝင်များ ၇၈၈၇၄၃ ယောက်ရှိပြီဖြစ်ကြောင်း ပြည်သူလူထုအား ရှင်းလင်းတင်ပြအပ်ပါသည်။

၉၆ မျိုးဆက်ကျောင်းသားများအဖွဲ့(ပြည်ထောင်စုမြန်မာနိုင်ငံ)

ဖေဖော်ဝါရီ ၉ ၊ ၂၀၀၇

(ပြည်ထောင်စုမြန်မာနိုင်ငံ) ဆိုတာလေးတွေ တပ်တပ်ထားတဲ့ အဖွဲ့တွေ ခေတ်ထနေတာနဲ့ ကျနော်လည်း အဖွဲ့ဖွဲ့လိုက်ပါတယ်။ စိတ်ဝင်စားရင် ဆက်သွယ်နိုင်ပါတယ်။ လုပ်ပိုင်ခွင့်လေးတွေရရင်လည်း လုပ်ကြတာပေါ့လို့နော့။

3 comments:

Thursday, February 01, 2007

အာဏာတွေ ပါဝါတွေနဲ့ ကျနော်တို့ ဗမာတွေ

ရွှေတိဂုံဘုရားပေါ် အင်္ဂါနေ့တိုင်း ဆုတက်တောင်းတဲ့သူတွေကို ဘုရားရဲတွေ၊ လုံခြုံရေးလို့ဆိုတဲ့သူတွေက နှောက်ယှက်နေတာတွေ အခုတလော ပိုပိုဆိုးလာသတဲ့။ အားလုံးလည်း ဖတ်မိကြမှာပါ။ ဒါနဲ့ပဲ တွေးမိတာလေးတွေ ရေးမိပြန်သပေါ့။

ကျနော်တို့ဗမာတွေဟာ အာဏာလေး နည်းနည်းမပေးလိုက်နဲ့၊ ပေးလိုက်တာနဲ့ ရှိသလောက်အာဏာကို ရသလောက်ပြတော့တာပဲ။ မြင်နေတာတွေပဲ ကြည့်ပါ။

ဝီစီလေးတတ်ပေးထားရင် ၀ီစီကို တ၀ီဝီမှုတ်မယ်။ လက်ပတ်လေး ပတ်ပေးထားရင် သူများကို လက်ညိုးတထိုးထိုးနဲ့ အပိုးမကျိုးလုပ်မယ်။ တုတ်ကလေးများ ချိတ်ပေးလို့ကတော့ တုတ်တရမ်းရမ်းနဲ့ လက်သရမ်းလာတယ်။ ဟော သေနတ်လည်းလွယ်ရော သေနတ်ကြီး တကားကားနဲ့ ရမ်းကားတော့တာပဲ။

ဒီစိတ်ဓာတ်တွေကို ပြင်ရမယ်(ကျနော်ကိုယ်တိုင်လည်း ပြင်ရမယ်ပေါ့)။ ဒါမျိုးတွေ မဖြစ်အောင် ကြိုးစားရမယ်။ တွေးမိတာ…တွေးမိတာ။

0 comments: