Wednesday, November 15, 2006

အိုးဝေသံ

မနေ့က ကျရောက်ခဲ့တဲ့ ၈၆နှစ်ပြည့် အမျိုးသားနေ့ အထိမ်းအမှတ်အနေနဲ့ ၁၉၄၅-၄၆ အရေးပေါ် တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းမှ ဆရာကြီး မင်းသုဝဏ်ရေး အိုးဝေ ကဗျာကို ဝေငှလိုက်ပါတယ်။ ၁၉၉၆ ဖေဖော်ဝါရီ ထုတ် ရာစုသစ် မြစ်ကျဉ်း ကဗျာ စုစည်းမှု ၊၄၊ မှ တဆင့် ကူးယူထားတာပါ။

အိုးဝေသံ

အိုးဝေသံ တဖန်ကြားရတော့
နားစွင့်လို့ ထောင်မိတယ် ။
ညဥ့်ခါတွင်းဆီက
ဖေါ်ချင်း ညီတညာနှင့်
ခမျာတွေ မှောင်ကိုခွင်းပါလို့
ရှင်းကြရှာတယ် ။
သို့ကလို အရုဏ်တက်ကာပ
နေထွက် တပြူကယ်တော့
ဒေါင်းသူငယ် တွန်သံဝင့်ပြန်ပေါ့
နန်းပင်မြင့် သည်အလယ်
ဘေးလွှင့် ရန်ဖြို
တေးဝင့်သံ သည်လိုချိုတော့
စာဆိုမှာ ဥာဏ်ရောင်လန်းကာပ
ဝန်ထမ်းရန် စိတ်မာန်ဇွဲတွေနှင့်
ကမ်းကုန်အောင် စွမ်းဟုန်နှင့် ကျဲမယ်လို့
ခဲမိတအား ။ ။

မင်းသုဝဏ်

1 comments:

Anonymous said...

ကို ၉၆ ရေ..
မနက်ဖြန်(၂၀ရက်နေ့) တိုပါးရိုးဘုန်းကြီးကျောင်းမှာ စင်္ကာပူ အိုးဝေအသင်းရဲ့ နှစ်ပတ်လည် အလှူပွဲ ရှိတယ်တဲ့၊ မနက်၇နာရီကနေ ၁၀နာရီထိပါ၊ စွာတာမ ဒေါ်လင်းလက်မှ လှိုက်လှဲစွာ ဖိတ်ခေါ်ပါကြောင်း... (သူအင်တာနက် တက်မရဘူးဆိုပဲ)