ဗမာပြည်ကို သွားလည်ကြမယ့် Tourists တွေအတွက် Al Jazeera သတင်းအဖွဲ့ရဲ့ အကြံပေးချက်လေး ဒီကနေ ဖတ်လိုက်ရပါတယ်။ အကျဉ်းချုပ်ကတော့ . . .
ဒေါ်အောင်ဆန်းစုကြည်အိမ်ကို သွားကြည့်ပါ၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်က အနီရောင်အလံတွေနဲ့ အိမ်ပေါ့။
ဒေါ်လာသုံးရင် သတိထားပါ။ အစိုးရဆိုင်လား၊ ပုဂ္ဂလိကဆိုင်လား ငွေလဲနှုန်းကို ကြည့်ရင်သိနိုင်ပါတယ်။
သာမန်ပြည်သူတွေနဲ့ ကြိုးစားပြီး စကားပြောကြည့်ပါ။ ကျုပ်တို့ သတင်းထောက်အဖွဲ့အနေနဲ့ အစိုးရလူတွေလိုက်ပါနေလို့ လူတော်တော်များများက ပွင့်ပွင့်လင်းလင်း မပြောရဲကြပါဘူး။
Tourist တယောက်အနေနဲ့တော့ ကျုပ်တို့ထက် ပိုပြီး လွတ်လပ်ခွင့် ရနိုင်ပါလိမ့်မယ်။
အမှန်တရားကိုရဖို့ ဗမာပြည်ကိုသွား အမှန်ကိုအမှန်အတိုင်း အရှိကိုအရှိအတိုင်း ကမ္ဘာကြီးကို ပြောပြပေးတဲ့ Veronica Pedrosa နဲ့ Al Jazeera တဖွဲ့ လုံး ချီးမွမ်းခံထိုက်တယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ဒီအကြံပေးချက်လေးတွေကို ပိုလို့ သဘောကျရတယ်။ Thank you Al Jazeera!
Friday, November 24, 2006
ချစ်စရာ ကောင်းတဲ့ Al Jazeera
Subscribe to:
Post Comments (Atom)
1 comments:
ဟုတ်တယ် အဲလိုမျိုးသိသင့်တာတွေကို လမ်းပြပေးတာ ချီးကျူးပါတယ်..
Post a Comment