Thursday, September 27, 2007

Bloggers' News (27-Sep)

27 Sep 07, 12:46minzaw: ဆူးလေနားက ပိတ်ထားတဲ့ နေရာနားမှာ လူတွေ အများကြီး ထိုင်ဆုတောင်းနေကြတယ် လက်ခုပ်တီးတဲ့ သူတွေလည်း အများကြီးဘဲ

27 Sep 07, 12:44Niknayman: ဆူးလေမှာချီတကိနေပါပြီ

27 Sep 07, 12:40minzaw: အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်များအားလုံး အဖမ်းခံရကြောင်း AAPP အတွင်းရေးမှူး ကိုတိတ်နိုင်မှ အတည်ပြုပြောကြားပါတယ်

27 Sep 07, 12:48Niknayman: ကံဘဲ့နှင့်တောင်ဥက္ကလာငွေကြာရံကျောင်းတိုက်အနီးတွင်ရပ်ကွက်အတွင်းရှိလူများနှင့်စစ်သားများရုန်းရင်းဆန်ခတ်ဖြစ်ရာစစ်တပ်မှသေနတ်များပစ်ဖေါက်၍လူစုခွဲ၊ယခုလမ်းမတွင်မည်သူမျှမထွက်ရအမိန့်ထုတ်ထားသည်.သေနတ်သံများဆူညံနေကြသည်.။

27 Sep 07, 13:07Niknayman: တောင်ဥက္ကလာမှ အိမ်များကို ပိုက်စိတ်တိုက်ရှာမည်ဟု သိရ။ ဖုန်းဖုန်းများအား စောင့်ရှောက်ထားခြင်းကြောင့် ဟု သိရပါသည်။

27 Sep 07, 13:04Niknayman: တာမွေ နတ်ချောင်းဘုန်းကြီးကျောင်းနှင့် သိမ်ဖြူ မင်္ဂလာရာမ မှ ဘုန်းဘုန်းများ အကုန် လုံး အဖမ်းခံရသည်သိရသည်.

27 Sep 07, 13:02Niknayman: တောင်ဥက္ကလာနေရာ က ၁၂ ရပ်ကွက်မာဃလမ်းမှာလည်းဖြစ်နေတယ်တဲ့

27 Sep 07, 12:58Niknayman: တောင်ဥက္ကလာ သစ္စာလမ်းနဲ့ ဗဟိုလမ်းနားမှာ လူတွေနဲ့တပ်နဲ့ထိပ်တိုက်တွေ့ နေကြပြီ။ တပ်ကကြံ့ ဖွံ့ တွေကိုရှေ့တန်းတင်တားသည်။ နောက်မှာတပ်တွေကရှိပြီး လူထုတွေဒေါသထွက်နေ။လမ်းမှာလဲခဲလုံးတွေနဲ့ပျံ့ ကျဲနေကာ အခုမျက်ရည်ယိုဗုံးတွေခွဲနေတယ်။

27 Sep 07, 13:10Niknayman: မန္တလေး(၃၅)လမ်း မြတောင်ဖက်တွင် ဘုန်းဘုန်းတို့ထွက်ဖို့ပြင်နေကြောင်း လမ်းတွေပိတ်ထားလို့ လူထုနှင့် တပ် အခြေအတင်ဖြစ်နေကြသည်။

27 Sep 07, 13:14Niknayman: နယ်မြို့ ကြီးတစ်မြို့ မှ ထိပ်ပိုင်းအရာရှိကြီးမှ ၄င်းတို့  မြီု့ တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ဘုန်းဘုန်းများနှင့် ပြည်သူအား စစ်တပ်မှ ပြစ်ခတ်နှိမ်နင်းမည်ဆိုပါက ၄င်းအနေဖြင့် လုံးဝသဘောတူမည် မဟုတ်ကြောင်း ခိုင်လုံစွာဖြင့် သတင်းလျှိ့ ဝှက်ပေးပို့ လာပါသည်။ (အခြေအနေတစ်ခုကြောင့် မြို့ အမည်နှင့် အရာရှိကြီးအမည်ကို ထုတ်ဖေါ်ပြောပြမရသေးပါ။ စာဖြင့် ခိုင်လုံစွာ အကြောင်းကြားလာခြင်းဖြစ်ပါသည်။) - နစ်နေမန်း။

27 Sep 07, 13:17Niknayman: ငွေကြာရံမှာ မနက်က ထွက်ပြေးလွှတ်မြောက်သွားတဲ့ဘုန်းကြီးတွေပြန်ရောက်နေကြပီ ။ အဲဒီဘုန်းကြီးတွေ ဆွမ်းစားနေတဲ့အချိန်ကိုအခုပြန်ဝင်ဖမ်းနေတယ်မိုးပေါ်ကိုသေနတ်ပေါက် ပီး ပြန်လည်ဝင်ဖမ်းနေပါတယ် (((ခိုင်လုံသောသတင်း))).ထို့ြေ့ကာင်ုလူထုက ငွေကြာရံကျောင်းမှ လုံခြုံရေးတပ်ကို ၀ိုင်းထားသည်ဟု သိရသည်။

27 Sep 07, 13:21minzaw: ငွေကြာရံမှာ လူထုနဲ့ စစ်တပ်နဲ့ ထိပ်တိုက်တွေ့နေပါတယ် မျက်ရည်ယိုဗုံး ၈လုံး ပစ်ပေမဲ့ လူထုက လူစုလုံးဝမခွဲပါ

27 Sep 07, 13:27Niknayman: ဘားလမ်းတွင်လည်းသေနတ်သံများကြားရကြောင်းပြောဆိုပါသည်.

27 Sep 07, 13:31Niknayman: ၃၃ လမ်းနျင့်အနော်ရထာလန်းတွင်..မျက်ရည်ယို ဗုံး ၃လူံးခွဲခဲ့ကြောင်းသိရပါသည်.။

27 Sep 07, 13:34Niknayman: ဆူးလေတွင်ပစ်နေပါ့ပြီ,။တယောက်ထိထားပါသည်.။အသေအပျောက်တော့မသေသေးပါ.


27 Sep 07, 13:36Niknayman: အင်းစိန်သန်းတစ်ရာလက်ဘက်ရည်ဆိုင်တွင်ဒီကနေ့မနက်၆နာရီတွင်ကြံဖွက်အယောက်၁၀၀ခန့်တွေ့ရှိခဲ့ကြောင်းအင်းစိန်မှလူခံကပြောကြားဘာသည်။ ဆက်လက်ပြီးပြောကြားရာမှာ GTI ကျောင်းဝင်းတွင်းကြံ့ဖွတ်အယောက်၂၀၀ခန့်ကိုဂတုံး တုံးပေးနေတာကိုလဲတွေ့ခဲ့ကြကြောင်းပြောကြားပါသည်။

27 Sep 07, 13:48minzaw: သိမ်ကြီးဈေးမှာ ရိုက်ပွဲစနေပြီ (ဖုန်းဝင်တာ)

27 Sep 07, 13:49minzaw: သောင်းနဲ့ချီတဲ့ လူတွေ ရန်ကုန်မှာ ထွက်နေပြီ

0 comments: