Wednesday, September 26, 2007

26 Sep 07, 12:50Niknayman: ယမန်နေ့ညတွင် ရဲအထူးသတင်းတပ်ဖွဲ့မှ ဒုရဲအုပ် ညိုဝင်း၊ (ရ၀တ)ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့် အဖွဲ့ဝင် ၂၀ ခန့်က ကဗျာဆရာ ကိုငြိမ်းသစ်အား ၀င်ရောက်ဖမ်းဆီးခဲ့ရာ ကိုငြိမ်းသစ်အား မတွေ့သည့်အတွက် ဇနီးသည်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

26 Sep 07, 13:31Niknayman: ၃၄ လမ်းမှာ ပစ်ပြီ။ လူထုထွက်ပြေးနေရတယ်။

26 Sep 07, 13:50Niknayman: ၃၄ လမ်းဘက်မှာ သေနတ်နဲ့ပစ်တာ ကောင်မလေးတယောက်ထိတယ်။

26 Sep 07, 13:42Niknayman: ဆူးလေမှာ ပြစ်နေတယ်။ သေနတ်သံတွေ ကြားနေရတယ်လို့  ပြောပါတယ်။

26 Sep 07, 13:53Niknayman: ရွှေဂုံတိုင်မှာပြစ်ခဲ့တာ ဘုန်းဘုန်းတစ်ပါး (သို့ ) သုံးပါး ပြန်လွန်တော်မူတယ်လို့  ကြားရပါတယ်။ ပိုမိုသေချာအောင် သတင်း ထပ်ပြောပါမည်။

26 Sep 07, 13:57Niknayman: ဆူးလေ AA phermacy ရှေ့မှာ လုံခြုံရေးလုပ်တဲ့ကောင်တွေ ဒိုင်းတွေနဲ့ ကာပြီး ဆူးလေဘုရားပေါ်တက်မရ အောင်လုပ်ထားတယ် လူတွေကတော့အများကြီးဘဲ။ အနော်ရထာလမ်းနဲ့ ဆူးလေမီးပွိုင့် မှာ ပိတ်နေပြီ၊ သေနတ်သံတွေ အတွဲလိုက်ပစ်တယ်၊ အမျိုးသမီးတစ်ယောက် ဒဏ်ရာရတယ်။

26 Sep 07, 14:03Niknayman: ဆာကူရာတာဝါမှာရှိတဲ့ လေယဉ်လက်မှတ်အရောင်းဌာနတစ်ခုကို ဖုံးဆက်တော့ မလာပါနဲ့ ဆာကူရာတာဝါတစ်ခုလုံးပိတ်ထားလိုက်ပါပြီတဲ့.... အပြင်မှာလဲ သေနတ်သံတွေကြားနေရပါတယ်။

26 Sep 07, 14:06Niknayman: ရွေဂုံတိုင်မှာ ပြစ်ခံရတဲ့ ဘုန်းကြီးတပါး ပျံလွန်တော်မူတာ သေချာကြောင်းနဲ့  ကျောင်းတိုက်ကို ပြန်သယ်သွားတယ်လို့ သတင်း ထပ်ရပါတယ်။

26 Sep 07, 14:14Niknayman: ဆူးလေမှာ ပြည်သူတွေအများကြီးဘဲ။ စစ်သားတွေကလည်း ၀ိုင်းထားတယ်။

26 Sep 07, 14:16Niknayman: ဆေးရုံကြီး အရေးပေါ်ကို ဂန်းရှော့နဲ့ (၃)ယောက်ရောက်လာတာ (၁)ယောက် ဆုံးသွားပါပြီ။ ဆေးရုံကြီးကလူ ပြောပါတယ်

26 Sep 07, 14:17Niknayman: ဆူးလေမှာ စစ်တပ်က မိုးပေါ်ထောင်ပြီး ပြစ်ပြနေပါတယ်။

26 Sep 07, 14:23Niknayman: အလုံသစ်တောလမ်းထိပ် စာတိုက်မှတ်တိုင်မှာ လမ်းပိတ်ပြီး စွမ်းအားရှင်နှင့်လုံထိန်းများက ရဟန်းများနှင့်ပြည်သူများကိုဖမ်းဆီး ။ ကျန်ဘုန်းဘုန်းများ ဆက်လက်ချီတက်သွား။

26 Sep 07, 14:22Niknayman: ဒဏ်ရာတွေနဲ့ ဆေးရုံကြီးကို နောက်တယောက် ထပ်ရောက်တယ်။

26 Sep 07, 14:22Niknayman: လမ်း ၃၀ ဘက်မှာ သေနတ် ၇ ချက်ပြစ်ပါတယ်။

26 Sep 07, 14:25Niknayman: ကြည့်မြင်တိုင်ဖက်က လမ်းလျှောက်တက်လာသူတွေကို သခင်မြပန်းခြံရှေ့မှာ စစ်တပ်က ၀ိုင်းလိုက်ပြီ။

26 Sep 07, 14:47Niknayman: မန္တလေးတွင် ဘုန်းကြီးကျောင်းအပေါက်ဝများတွင် စစ်သားများ၊ရဲ များ ရှိနေကြပြီး သံဃာတော်များကို အပြင်သို့ ပေးမထွက်ခိုင်းပေ။ သံဃာတော်များမှာ နံနက် ဆွမ်းခံဖို့ ပင် ထွက်ခွင့် မရခဲ့ပါ။ မိုက်ရိုင်းသည်မှာ နေ့ လည်း ၁နာရီခန့် တွင် အစိုးရမှ ခေါက်ဆွဲထုတ်များကို မြတောင်ကျောင်းတိုက်သို့ ကပ်သည်။ သို့  သော် သံဃာများက ခေါက်ဆွဲထုပ်များကို ၃၅ လမ်းမပေါ်သို့  လွှင့်ပစ်ခဲ့ကြပြီး လမ်းမပေါ်တွင် ခေါက်ဆွဲထုပ်များ ပျံကျဲနေသည်ဟုသိရသည်။

26 Sep 07, 14:49Niknayman: မန္တလေးမြတောင်ကျောင်းအနီးတွင် မျက်ရည်ယိုဗုံးများပစ်ခတ်မှုများဖြစ်ရုန်းရင်းဆန်ခတ်ဖြစ်နေ။

26 Sep 07, 14:48Niknayman: ရုန်ကုန်ယုဇနပလာဇာမှာ ရှေ့ဘုန်းကြီးတွေ သွေးစက်လက်နဲ့ လျှောက်နေကြတယ်။

26 Sep 07, 14:49Niknayman: မန္တလေးမြတောင်ကျောင်းအနီးတွင် မျက်ရည်ယိုဗုံးများပစ်ခတ်မှုများဖြစ်ရုန်းရင်းဆန်ခတ်ဖြစ်နေ။

26 Sep 07, 14:48myochit: မြို့ထဲမှာ ဆိုင်တွေအားလုံးပိတ်လိုက်ပြီ၊ ဒါပေမဲ့ ပြန်တဲ့လူတွေအတွက် ကား အခက်အခဲတော့ ရှိနေတယ် ခုန ဒဏ်ရာရ အမျိုးသမီး က ရင်ဘတ်နဲ့ ပုခုံး မှာ ရတာလို့ သိရပါတယ်

26 Sep 07, 14:48Niknayman: ရုန်ကုန်ယုဇနပလာဇာမှာ ရှေ့ဘုန်းကြီးတွေ သွေးစက်လက်နဲ့ လျှောက်နေကြတယ်။

26 Sep 07, 15:09Niknayman: သခင်မြပန်းခြံမှာပိတ်မိနေတဲ့ အင်အားတသောင်းခန့်က လှည်းတန်းဖက်ကို ပြန်လျှောက်လာပါတယ်။ သူတို့နောက်ကကြံ့ဖွတ်နဲ့ စစ်တပ်က ကားတွေနဲ့ လိုက်နေပါတယ်။

26 Sep 07, 15:13Niknayman: ပန်းဆိုးတန်းလမ်းပေါ်မှာ သံဃာတွေအပြည့်ဘဲ။

26 Sep 07, 15:12Niknayman: ဆူးလေမီးပွိုင့်မှာတော့ပိတ်နေဆဲပါ၊ ဆန္ဒပြသူတွေက အနော်ရထာလမ်းပေါ်မှာ ပွိုင့်ဘက်ကိုဦးတည်ပြေးလိုက် ပြန်ဆုတ်လာလိုက်လုပ်နေတာတွေ့ရပါတယ်။ အနော်ရထာလမ်းပေါ်မှာ ပြေးလွှားလှုပ်ရှားနေသူများကို ဘားလမ်းထဲကနေ လက်ခုတ်တီးအားပေးနေကြတာကိုလဲတွေ့ရပါတယ်။

26 Sep 07, 15:14Niknayman: မန္တလေးမြတောင်ကျောင်းတိုက်အနီးတွင် လူအင်အား ရဟန်းအင်အားများသဖြင့်တားဆီးထားရာမှဖွင့်ပေးလိုက်ရ ၊ဘုရားကြီးဘက်တွင် ရိုက်နှက်မှုများရှိသော်လည်း (၈၂)လမ်းမှ မြောက်ဖက်သို့ဆက်လက်ချီတက်နေ။

26 Sep 07, 15:13Niknayman: ဖုန်းကြီး ရှစ်ပါး ပျံလွန်တော်မူကြောင်းကြားရ။

26 Sep 07, 15:25myochit: မြို့ထဲမှာခုရှိနေတဲ့ ကလေးကလှန်းပြောတယ် ကျောင်းသားတွေက အနော်ရထာလမ်းအတိုင်း အမေရိကန်သံရုံးဘက် ဆက်ချီတက်သွားတယ် စစ်ကား ၁၀ စီးလောက် ဆူးလေဘက်မှာအသင့်စောင့်နေတယ် လောင်ချာတွေလဲပါတာတွေ့တယ် ခုထိသူတော့ လူကိုတည့်တည့်စပစ်တာမကြားသေး သူလဲဆူးလေမှာရှိနေ သိမ်ဖြူမှာတော့စပစ်တယ်လို့ကြား

26 Sep 07, 15:35Niknayman: ဆူးလေမှာတော့ ရင်ကော့နေတဲ့သူ ၃ ယောက်လောက်ရှိ။ မိုးပေါ်ထောင်ဖေါက်တာ ၇ ချက် ၈ ချက် အရင်ဖေါက်ပြီး၊ ၂ ချက်လောက်ကတော့ တည့်ပစ်သလိုပဲ ဘယ်သူ့မှတော မထိပါဘူး။

26 Sep 07, 15:34Niknayman: လူထုတွေ အနော်ရထာလမ်းပေါ်ကနေ ကမ်းနားဘက်က ဆင်းသွားတယ်။ လူတွေ အများကြီးဖြစ်သွားတယ်။

26 Sep 07, 15:31Niknayman: အလုံသစ်တောလမ်းတွင် စစ်ကား(၆)စီး၊အင်အား(၁၀၀)ခန့်အပါအ၀င် စွမ်းအားရှင်များ ၀ိုင်းဖမ်း။ ရဟန်းများနှင့်လူများအဖမ်းခံရ။၊ ဖမ်းခံရ၊ရာတွင် မိန်းမပျိုလေးများပါပါဝင်။

26 Sep 07, 15:36Niknayman: ကြည့်မြင်တိုင် ဝေလုဝန်ဘက်မှာ လာရိုက်တဲ့လုံထိန်းတွေကို ဖုန်းဖုန်းတို့က ပြန်ရိုက်တာ ထွက်ပြေးသွားတယ်လို့သိရ။

26 Sep 07, 15:36Niknayman: မန္တလေး လမ်း(၈၀)နှင့်(၂၇)လမ်းထောင့်တွင် စစ်ကြောင်းတစ်ခုတွေ့နေရပါသည်။တစ်မြို့လုံးတွင်(၅)နေရာထက်မနည်းဖြစ်ပွားနေပါသည်။နန်းရှေ့တွင်လုံခြုံရေးအဖွဲ့နှင့်ထိပ်တိုက်တွေ့နေပါသည်။လူအုပ်မှအသေခံမည်ဆိုကာတိုးဝင်လာသောကြောင့်လုံခြုံရေးများက လမ်းဖွင့်ပေးလိုက်ရပါသည်။

26 Sep 07, 15:42Niknayman: ဗားဂရာ ကိုးထပ်ကြီးရှေ့တွင် မျက်ရည်ယိုဗုံးယခုဖေါက်ခွဲနေပါတယ်။

26 Sep 07, 15:42Niknayman: ပန်းဆိုးတန်းလမ်းနှင့် ကမ်းနားလမ်းထောင့်တွင် ပြည်သူများအား လုံထိန်းတပ်ဖွဲ့များမှ လိုက်လံ ဖမ်းဆီးနေပါသည်။

26 Sep 07, 15:44Niknayman: ဗဟန်းမှာ ရဲတွေက သိပ်ရိုင်းတယ်။ ဘုန်းကြီးတွေကို ကန်တယ်၊ ခေါင်းတွေကို ရိုက်တယ်။ လမ်းပေါ်မှာ လဲနေတဲ့ ဘုန်းကြီးတွေကို တက်နင်းတယ်။


ကိုနစ် cbox မှ သတင်းများဖြစ်ပါတယ်

0 comments: