Wednesday, September 26, 2007

Bloggers' News

26 Sep 07, 16:03
Niknayman: မန္တလေး လမ်း(၈၀)တွင် ပစ်ခတ်မှုများရှိ။ ထိခိုက်မှုများရှိ။ ဖုန်းဖုန်းတို့မှ ရှေ့မှချီတက်။ ဖုန်းဖုန်းများ လူများ လုံးဝကြောက်ရွံမှုမရှိပါ။

26 Sep 07, 16:02
Niknayman: တာမွေ မင်္ဂလာသုခ ဖုန်းကြီးကျောင်းက ဖုန်းဖုန်းလေးပါး ဒဏ်ရာရတယ်။ အရိုက်ခံရတာ။

26 Sep 07, 16:01
Niknayman: လမ်းမတော်မြို့နယ်ရှိ ဗဟိုအမျိုးသမီးဆေးရုံရှေ့တွင်လည်း သံဃာအပါး ၁၀၀၀ ကျော်ကို စစ်တပ်က၀ိုင်းထားကြောင်း သိရသည်။

26 Sep 07, 16:40
koyinaaw: အလုံ ဆင်မင်းဈေး အဆက် ... နောက်ဆုံးရသတင်း >>> ဖုန်းလိုင်းများ ပြတ်တောက်နေ ၊ ကားသုံးစီးနှင့် လူများကို အတင်း အဓ္ဓမ ဆွဲတင်သွား

26 Sep 07, 16:53
Niknayman: ရွှေဂုံတိုင်ဘုရားနားမှာ ပစ်ခတ်မှု ဖြစ်တယ်လို့ တယ်ကြားတယ် ၅ ချက်တိတိလို့ပြောပါတယ်။

26 Sep 07, 16:50
Niknayman: သိမ်ဖြူဈေးပွိုင့်အနီး မီးရထားလမ်းကုန်းတွင်လူထုများမြို့တွင်းမှမလာနိုင်စေရန်သံဆူးများချ အသင့်အနေအထားလုပ်နေ။

26 Sep 07, 16:50
Niknayman: မန္တလေးတွင်ဘုန်းဘုန်းများက အသံချဲ့စက်ဖြင့် မနက်ဖြန်မှဆုံမည်ဟု အကြောင်းကြား၍ အေးချမ်းစွာလူစုစခွဲနေ။


26 Sep 07, 16:55
Niknayman: ရွှေတိဂုံ ပစ်ခတ်မှု... ဗိုလ်ချုပ် ကျော်ဆန်း (ပြန်ကြားရေး ဝန်ကြီး)၊ ဗိုလ်မှူးကြီးတင့်ဆန်း၊ အမှတ် ၁၆ ခြေလျင် တပ်ရင်း ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ရဲဇော်ဇော် တို့ ပါဝင်သည်။

0 comments: