Thursday, September 27, 2007

27 Sep 07, 15:31koyinaaw: ပြည်သူတစ်ဦး >>> တာမွေအ၀ိုင်းထိပ်နားမှာ စစ်အစိုးရက ဆန္ဒပြတဲ့ သူတွေကို ကားနဲ့တိုက် ၊ ပြည်သူတွေကို သေနတ်နဲ့ပစ် ကျွန်တော်ကိုယ်တိုင် ဒဏ်ရာတည်းနည်း ရထားပါတယ် ...

27 Sep 07, 15:29Niknayman: ရန်ကုန်ဘူတာကြီးထဲမှာ သေနတ်သုံးချက် ထပ်ပစ်သွားတယ်။လူတွေက ဘူတာထဲကို ၀င်ပြေးသွားတယ်။ စစ်သားတွေက လိုက်ဖမ်းတယ်။ရန်ကုန်ဘူတာထဲက လူတွေကို အပြင်မထွက်ခိုင်းဘူးကျောင်းသားတစ်ယောက် ကျည်ဆံမှန်လို့ နှုတ်ခမ်းကြီးပြတ်သွားတယ်။၃ နာရီ (၁၀)မိနစ် ကိုယ်တွေ့ )



27 Sep 07, 15:27koyinaaw: ကျိုက္ကဆံမှာ မနေ့ညကဖမ်းထားတဲ့ ဘုန်းကြီး(၅၀၀)ကို ပြန်လွှတ်ပေးရန် တောင်းဆိုဖို့အတွက် လူအုပ်ကြီး ချီတက်သွားတယ်၊ ရဲတွေက သေနတ်နဲ့ပစ်တယ်၊ အလောင်းတွေ မြင်မကောင်းဘူး၊ လူအုပ်ကြီး ပြန်လှည့်လာပြီး တီအီးကားတွေကို မီးရှုံ့ကြတယ်။တောင်ဥက္ကလာမှာ တပ်ကို လူထုက၀ိုင်းတယ်၊ လူထုကို တပ်ကပြန်ဝိုင်းတယ်၊ လူထုတော်တော် နာသွားတယ်၊ တောင်ဥက္ကလာ မြင်သာဘုရားနားမှာဖြစ်တယ်၊ မြိုင်ကြီးငူဆရာတော် ဆင်းလာတယ်(အတည်ပြုချက်မရဘူး)။

27 Sep 07, 15:26Niknayman: မင်္ဂလာဒုံဘက်က နေ မြို့ထဲကို စစ်သားအပြည့်နဲ့ စစ်ကား ၁၀ စီး ၀င်သွားပါတယ်...

27 Sep 07, 15:25Niknayman: တာမွေ အထက ၃ ရှေ့စတင်ပစ်ခတ်ဟု သိရ။

27 Sep 07, 15:24Niknayman: တာမွေ၊ ဥက္ကလာ၊ အလုံ၊ ကြည်မြင်တိုင်၊ စမ်းချောင်း၊ မြေနီကုန်း၊ ပုဇွန်တောင် ဘက်တွေမှာလည်း ဖြစ်နေတယ်။ အပစ်အခတ် တွေလည်း ရှိတယ်လို့ကြားတယ်။ အသေအပျောက်သတင်းတော့မသိရ သေးဘူး။ ညနေစောင်းလေ လူထုအင်အား ပိုကြီးမားလာလေဖြစ်လိုက် မယ်လို့ခန့်မှန်းရတယ်။

27 Sep 07, 15:23Niknayman: ဒဏ်ရာရသူတွေလည်း အများအပြားပဲ။ လမ်းပေါ်မှာ အတုံးအရုံးလဲနေတဲ့သူတွေကို ကောက်ယူမယ့်သူ မရှိ လမ်းပေါ်မှာ ဒီတိုင်းပစ်ထားတယ်။ အဲဒါကို နိုင်ငံခြားသားတွေက ဓာတ်ပုံရိုက်နေကြတယ်။ အဲဒါက ဆူးလေနဲ့ အနော်ရထာမီးပွိုင့်မှာ ဖြစ်တာ။ အခုလောလောဆယ်တော့ ဆူးလေတစ်ဝိုက်မှာ လူတွေက စုရုံးစုရုံးနဲ့ ထပ်မံချီတက်ဖို့ စိုင်းပြင်းနေကြတယ်။


27 Sep 07, 15:20Niknayman: ကျိုက်ကဆံဘုရားထဲမှာလူတွေကိုစစ်တပ်က၀ိုင်းထား။ စစ်တပ်ကိုသိန်းနဲ့ ချီတဲ့လူတွေကပြန်ဝိုင်းထား။လူ(၁)သိန်းလောက်ရှိတယ်။အရမ်းများ။

27 Sep 07, 15:19Niknayman: တာမွေ ထ ၃ ရှေ့မှာ ဖုန်းဖုန်းတွေထိုင်ချလိုက်ပြီ။ စစ်တပ်က ၀ိုင်းထား။

27 Sep 07, 15:17Niknayman: ပန်းဆိုးတန်းမှာပစ်နေတယ်ဗျ လူတွေထဲကိုပစ်တာဆို (ယခုလက်ရှိ.. ) တွေ့သမျှလူတွေ ဆွဲတင်ဖမ်းနေတယ်။

27 Sep 07, 15:17minzaw: ကျိုက္ကဆံ Super One နားမှာ အတွဲလိုက် ပစ်သံ ကြားရတာမွေ ၃ ရှေ့မှာ ဆက်လက်ပြီး တိုက်ပွဲ ပြင်းထန်နေ

27 Sep 07, 15:16Niknayman: တွေ့သမျှလူတွေ ဆွဲတင်ဖမ်းတယ်လဲပြောတယ်
27 Sep 07, 15:13second man: Grand မီးရထား ဟိုတယ် ၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမှာ စစ်ကားတစ်စီးနဲ့ လူတွေကို အတင်းအဓမ္မ ဖမ်းဆီးနေပါတယ်

27 Sep 07, 15:11Niknayman: ခုလေးတင်ပြည်လမ်းကနေ စစ်ကား၃ စီးမြို့ထဲသို့မောင်းသွားပါတယ် ခင်ဗျ


27 Sep 07, 15:08Niknayman: ဖ.ဆ.ပ.လ ၀င်းအတွင်းသို့ ထွက်ပြေးလွတ်မြောက်လာသောကျောင်းသားများနှင့်ပြည်သူများအား စစ်သားများက ၀င်းအတွင်းရှိ လူနေအိမ်များအတွင်းထိ သေနတ်များမောင်းတင်ပြီးချိန်ရွယ်ကာ ၀င်ရောက်ရှာဖွေနေကြပါသည်။ အနားကပ်လာသူများနှင့်အော်ဟစ်မောင်းထုတ်သူများကိုလည်း သေနတ်များဖြင့်ချိန်ကာ အနားမကပ်နဲ့ ကပ်ရင်ပစ်မယ်ဟု ခြိမ်းခြောက်နေကြသည်။


27 Sep 07, 15:06Niknayman: သင်္ဃန်းကျွန်းမှာ ၃ ယောက်သေတယ်လမ်းတွေပိတ်ထားတယ် စစ်တပ်ညပ်နေတယ်သင်္ဃန်းကျွန်းက အခုဖြစ်တဲ့ထဲမှာ အပြင်းထန်ဆုံးဘဲ

0 comments: