Monday, October 01, 2007

စင်ကာပူရဲနဲ့ ဗမာ့အခွင့်အရေး

တီရှပ်များ ၀တ်ဆင်ခြင်း၊ သတင်းများဖတ်ခြင်းနဲ့ ပတ်သက်ပြီး စင်ကာပူရဲများက တားဆီးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် စင်ကာပူရောက် ဗမာများ စိုးရိမ်သောကတွေ ပိုလာခဲ့ပါတယ်။

ဒီနေ့ အခွင့်အရေးရတုန်း စင်ကာပူရဲကို ကျနော်ကိုယ်တိုင် ဒီကိစ္စနဲ့ ပတ်သက်ပြီး complaint လုပ်တော့ သူတို့ရဲတွေ အနေနဲ့ ဒီလို တားဆီးတာတွေ လုပ်ခွင့်မရှိကြောင်း၊ စင်ကာပူ အစိုးရကို သိက္ခာချသော စာသားများ မပါသရွေ့ ကြိုက်တဲ့ တီရှပ် ၀တ်ဆင်ခွင့်ရှိကြောင်း၊ လက်ရှိ ဗမာများ ၀တ်ဆင်နေသော တီရှပ်များ အားလုံး သူတို့အမြင်မှာ ပြဿနာ မရှိကြောင်း၊ ရဲများအနေနဲ့ ၀တ်ဆင်ထားတဲ့ တီရှပ် ချွတ်ခိုင်းတာဟာ လုံးလုံး လုပ်ပိုင်ခွင့် မရှိကြောင်း၊ သတင်း ဆိုဒ်များ ဆိုတာလည်း လူတိုင်း ၀င်ကြည့်နိုင်တာတွေ ဖြစ်လို့ သူတို့တားဆီးခြင်း မရှိကြောင်း၊ နောင် ဒီလို ကိစ္စတွေ ဖြစ်လာရင် သက်ဆိုင်ရာ ရဲကို ကတ်ပြားတောင်းကြည့်ကာ နာမည်၊ ရာထူး၊ ဘယ်နယ်မြေ စတာတွေ မှတ်သားပြီး သူတို့ကို တိုင်ကြားနိုင်ကြောင်း ပြောပါတယ်။ CISCO ရဲတွေ ဆိုရင်လည်း ဒီလို လုပ်ပိုင်ခွင့် မရှိကြောင်းနဲ့ နာမည်မေးထားဖို့ ပြောပါတယ်။

နောက်ဆုံး လှည့်ပတ်မေးမြန်းပြီးသိရတာကတော့ special operation command (SOC) လို့ခေါ်တဲ့ အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့ဝင်တွေက တားဆီးခဲ့တယ်ဆိုပါတယ်။ ဒါဟာလည်း miscommunication ဘဲဖြစ်ပါလိမ့်မယ်၊ သူတို့တွေ ဒီလို လုပ်ပိုင်ခွင့် မရှိပါကြောင်း ထပ်မံ ပြောခဲ့ပါသေးတယ်။

ဒါကြောင့် စင်ကာပူရောက် ဗမာအပေါင်းတို့ အနေနဲ့ တီရှပ် နီနီ၊ ဖြူဖြူ ဘာ message ပဲရေးထား ရေးထား သူတို့ကို မထိသရွေ့ လွတ်လပ်စွာ ၀တ်ဆင်နိုင်ပါကြောင်း၊ သတင်းများလည်း လွတ်လပ်စွာ ဖတ်ရှုနိုင်ပါကြောင်း အကြောင်းကြားပါတယ်။ တခုခုဖြစ်ခဲ့ရင် ရဲရဲသာ ကတ်ပြားတောင်းကြပါလို့။

0 comments: