Thursday, March 29, 2007

ဘုန်ကြီးဝတ်ခွင့်နှင့် တို့ဗမာပြည်

မတ်လ ၂၀ ရက်နေ့က ဘုန်းကြီးဝတ်ခွင့် မရလို့ တကိုယ်တော်ဆန္ဒပြနေတဲ့ ကိုထင်ကျော်ရဲ့ပုံတွေပါ။

လာဖမ်းသွားတဲ့ပုံလေးလဲ ပါသပ။

ဓာတ်ပုံရိုက်ဖြစ်လိုက်တဲ့ သူများကို မသိပေမယ့် ကျေးဇူးပါ။ ဒါမျိုးဆိုတာ သမိုင်းမှာ မြင်ရခဲတယ်။

ရန်ကုန်မြို့လယ် ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ကိုထင်ကျော်အပါအ၀င် ၆ယောက်ကို ဘုန်းကြီးပေးမ၀တ်တဲ့သတင်းပါ။ ဂျာနယ်ဖတ်သူတိုင်း တွေ့ကြရမယ့်ဟာလေးပေါ့။

ဆန္ဒပြဖူးလို့ ဘုန်းကြီးပေးမ၀တ်ဘူးတဲ့။ ဗုဒ္ဓေါ..ဒီလိုသာဆို ဗမာနိုင်ငံကြီးတော့ ရဟန်းရှားပါးတဲ့ နိုင်ငံဖြစ်တော့မှာပဲ။ ခက်ခက်ချေသေး။ ဆန္ဒပြတဲ့ပြစ်မှုကြောင့် ဘုန်းကြီးမ၀တ်ရရင် ခိုးဖူး၊ ၀ှက်ဖူး၊ သတ်ဖူးတဲ့ လူတွေလည်း ဘုန်းကြီး ပေးမလုပ်သင့်ပေဘူးပေါ့။ ကိုင်း…သွားကြပေတော့ ငရဲကို။ (ဗမာပြည်စစ်တပ်ကြီးတော့ ဒီအတိုင်းဆို ကုသိုလ်ရစရာ မမြင်)

တော်သေးတာပေါ့ ဂေါတမခေတ်တုန်းက ဒီလို အစိုးရမဟုတ်ပေလို့။ နို့မို့လို့ကတော့ အင်္ဂုလိမာလတယောက် ရဟန်းဘ၀ ရောက်နိုင်မယ်မဟုတ်ဘူး။ ဂေါတမလည်း အင်္ဂုလိမာလကို ရဟန်းပြုခါနီးကျမှ ရဲစခန်းသွား ထောက်ခံချက်တောင်းနေရအုံးမယ်။

(တော်လောက်ပြီ။ တော်ကြာငရဲမင်း မျက်စိစားပါးမွှေးစူးနေအုံးမယ်။)

2 comments:

Anonymous said...

တော်သေးတာပေါ့ ဂေါတမခေတ်တုန်းက ဒီလို အစိုးရမဟုတ်ပေလို့။ နို့မို့လို့ကတော့ အင်္ဂုလိမာလတယောက် ရဟန်းဘ၀ ရောက်နိုင်မယ်မဟုတ်ဘူး။ ဂေါတမလည်း အင်္ဂုလိမာလကို ရဟန်းပြုခါနီးကျမှ ရဲစခန်းသွား ထောက်ခံချက်တောင်းနေရအုံးမယ်။

ခင်များဘယ်သူဘယ်ဝါတော့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့်ဘာသာရေးနဲ့ ပတ်သက်ပြီးနည်းနည်တော့ပြောချင်တယ်ဗျာ။မြတ်စွာဘုရားလက်ထက်လို့ သုံးနှုံးစေချင်ပါတယ်ဗျာ။ ဒီတော့ မြတ်စွာဘုရားလက်ထက်တုန်းက နှင့် မြတ်စွာဘုရားလည်း အင်္ဂုလိမာလကို လို့ဘဲ သုံးစွဲစေချင်ပါတယ်။ ကျွန်တော်က ဗုဒ္ဓဘာသာဆိုတော့ မြတ်စွာဘုရားရှင်ကို ဂေါတမလို့ ခေါ်ဝေါသုံးစွဲသာကို ဘာသာရေးရှုဒေါင့်ကကြည့်ပြီး သိပ်ပြီး ဘောမကျလို့ဝင် အကြံပြုတဲ့သဘောပါ။ ကျွန်တော့်အတူဘဲ အခြားသော ဗုဒ္ဓဘာသာဝင်များလည်း ကျွန်တော့်လိုဘဲဖြစ်ကြပါ

generation96 said...

ဂေါတမလို့ သုံးစွဲလိုက်တာ မြတ်စွာဘုရားကို မလေးမစားလုပ်တာမဟုတ်တဲ့အကြောင်း ပြောချင်ပါတယ်ဗျာ။ ဗုဒ္ဓဘာသာမှာ ပွင့်တော်မူပြီး မြတ်စွာဘုရား သုံးပါး နဲ့ ပွင့်တော်မူရန် တပါး စုစုပေါင်း မြတ်စွာဘုရား လေးပါးရှိနေလို့ ဂေါတမရယ်လို့ ဘွဲ့တော်နဲ့ သုံးလိုက်တာပါ။ သိဒ္ဒတ္ထဆိုတာသာ လူနာမည်ဖြစ်ပြီး ဂေါတမဆိုတာ မြတ်စွာဘုရားဘွဲ့တော်ဖြစ်လို့ ကျနော်သုံးထားတာပါ။ ဘာသာရေးကို ထိခိုက်စေရန်မရည်ရွယ်ပါကြောင်း။ ဂေါတမ မြတ်စွာဘုရားလို့ မရေးလိုက်တာဟာ စာရေးတဲ့ဖတ်တဲ့ အခါမှာ အနည်းငယ်ထောက်နေတယ်ထင်လို့ မသုံးလိုက်တာပါလို့။

ဘာပဲပြောပြော ကိုအမည်မသိ ဒီလိုပြောလို့ ကျနော်ဒီလို ရှင်းပြခွင့်ရတဲ့အတွက် ကျေးဇူးပါ။ မပြောပဲ ကျနော့်ကို အထင်မှားနေသူများရှိရင်လည်း ကျနော့်အမြင် အတွေးကို သိနိုင်ကြပြီပေါ့။