Friday, July 13, 2007

Those kind of people were governing

‘One energy minister said, “To spare the wood, use charcoal.” But you see charcoal is made from wood. Those kind of people were governing.’ (U Po Khin)

Extracted from “Living Silence” by Christina Fink, Chapter 2, The Ne Win Years, 1962-88.


ဒါလေးဖတ်မိတော့ ကျနော်တို့ စစ်ဗိုလ်ချုပ်တွေရဲ့ ဗဟုသုတကြီးပုံပါ ပြန်တွေးမိတယ်။

ရန်ကုန်တိုင်း တိုင်းမှူးဗိုလ်ချုပ်မျိုးညွန့် မြန်မာ့ရုပ်မြင်သံကြားကနေ မိန့်ခွန်းပြောပုံလေး…

“ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီဆိုသလိုမျိုး ကျွန်းပင်ကြီးက ကိုင်းပင်ကြီးကို မှီလို့။ ကိုင်းပင်ကြီးက ကျွန်းပင်ကြီးကို မှီလို့”

ဘယ်အကြောင်းပြောရင်းနဲ့လဲဆိုတာတော့ မမှတ်မိတော့ပါဘူး။ တီဗွီရှေ့ထိုင်နေတဲ့ ကျနော့်မှာ ရယ်လိုက်ရတာ။ အမြင်ကတ်လို့လား၊ ကြောက်လို့လားတော့ မသိ။ နောက်နေ့ သတင်းစာထဲလည်း ဒီတိုင်းပဲထည့်တာပဲ။


တနေ့တော့ ထုံးစံအတိုင်း ဗိုလ်ချုပ်တယောက်(ဘယ်သူလဲ မမှတ်မိပါ)် လှည့်လည်ကြည့်ရှုရင်း သင်္ဘောတစင်း ထွက်ချိန်တန်တာမထွက်ပဲနေတာတွေ့သတဲ့။

မထွက်ဖြစ်တာ “weather မကောင်းလို့ပါ”လို့ လိုက်လံရှင်းပြသူက ဖြေသတဲ့။

ဒီမှာ ဗိုလ်ချုပ်က မကျေမနပ်နဲ့ “၀ယ်သာ မကောင်းရင် ပြင်လိုက်ပေါ့ကွ”လို့ ပြောသွားပါသတဲ့။ တကယ်ကြုံခဲ့ရတဲ့သူက ပြန်ပြောတာလို့ဆိုပါတယ်။


“me too” ကို “me three” လို့ပြောတယ်ဆိုတာတော့ သက်သေ မရှိပါ။


ဗိုလ်သန်းရွှေတက်ခါစက စက်ရုံတရုံကို စစ်ဆေးပါတယ်။ အဲဒီစက်ရုံက ဘယ်စက်ကြီးကြီးမှ အလုပ်မလုပ်ပါဘူး။ ပိစိကွေးလေးတွေပဲ နည်းနည်းပါးပါး အလုပ်လုပ်ပါတယ်။ တိုင်းပြည်ခေါင်းဆောင်ကြီး လာစစ်မှာကို စက်ပိစိလေးတွေပဲပြလို့မဖြစ်ဘူးဆိုပြီး စက်ရုံမှူးကြီးက နှစ်ပေါင်းများစွာ မလယ်ပဲ ရပ်ထားတဲ့ စက်အကြီးဆုံးတလုံးကို အားချင်း ဆေးတွေသုတ် ဆီတွေထည့်လုပ်ခိုင်းပါတယ်။ ကျနော်တို့ခေါင်းဆောင်ကြီးလဲလာရော စက်ကြီးကို ပြ၊ ဒါကြီးက တနေ့ကို ဘယ်လောက်ထွက်ကြောင်း၊ ဘယ်လောက်ကောင်းကြောင်း ရုပ်တည်နဲ့ ရှင်းလွှတ်လိုက်တာ ကိုသန်းရွှေတယောက် ခေါင်းတညွတ်ညွတ်နဲ့ လိုအပ်သည်များ မှာစားပြီး ပြန်သွားဖူးကြောင်း။ စက်ရုံမှူးကိုယ်တိုင် နှစ်ပေါင်းများစွာကြာမှ ကျနော်တို့ကို ပြန်ပြောပြတာပါ။


အဲဒီတော့ ကျနော်တို့ဗမာပြည်လည်း…Those kind of people were governing ပေါ့။

2 comments:

Anonymous said...

"Those kind of people are (ARE) governing." လို့ဆိုရင်ပိုကောင်းမယ်ထင်တယ်။

generation96 said...

ပိုကောင်းတာပေါ့ဗျာ။ ကျနော်ကတော့ စာအုပ်ထဲက စာသားလေးအတိုင်း သုံးချင်လို့ ဒီတိုင်းလေး ကူးချလိုက်တာပါ။