Thursday, July 19, 2007

July 19-Martyr's Day


“အမှာစာ”

ကျနုပ်တို့၏ အာဇာနည် ပုဂ္ဂိုလ်ထူးကြီးများကို ကျနုပ်တို့ များစွာလေးစား မြတ်နိုး တန်ဖိုးထားခဲ့ကြပါသည်။

ထိုပုဂ္ဂိုလ်ကြီးများက အသွေးအသက်ကိုရင်း၍ ကျနုပ်တို့ကို ငြိမ်းချမ်းရေးတံခါး ရှေ့တော်မှောက်သို့ အရောက်တွန်းပို့ခဲ့ကြပါသည်။

ကျနုပ်တို့မှာ ထိုတံခါးရှေ့ဝယ် ၀မ်းနည်းခြင်း လွမ်းဆွတ်သတိရခြင်းတို့က တဖက်၊ ကြောက်ရွံ့ထိတ်လန့်ခြင်းတို့ကတဖက်၊ ယောင်လယ်လယ်ဖြင့် တွေဝေငေးမောခဲ့ကြသည်မှာ ၂၀ရာစုပင် လွန်မြောက်ခဲ့လေပြီ။

ယနေ့ထက်တိုင် တံခါးကို ဆွဲဖွင့်၍ ငြိမ်းချမ်းရေးကို မဆောင်ယူနိုင်သေးပါ။

ဤသို့ဖြင့် ရှေ့ဆောင်ပုဂ္ဂိုလ်ကြီးများ၏ အသက်သွေးချွေး အရင်းအနှီးတို့ကို အချည်းနှီး ဖြစ်စေတော့မည်လား? စဉ်းစားကြဖို့ရန် အကြောင်းကို ကျနုပ်တို့ ခံစားမိသမျှ ဝေမျှလိုက်ရပါသည်။

မောင်ညို၊ နွယ်မိုးအောင်၊ မောင်ကိုဝင်း

(သက္ကရာဇ်မမှတ်မိတဲ့ နှစ်တနှစ်က ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားတွေဆီပြန့်နှံ့ခဲ့တဲ့ ၁၉ဇူလိုင် အမှတ်တရ ကဗျာစာစောင်လေးရဲ့ မျက်နှာဖုံးနဲ့ အမှာစာပါ)

အာဇာနည်ခေါင်းဆောင်ကြီးများကို ဒီစာလေးနဲ့ ဂုဏ်ပြု ဦးညွှတ်ပါတယ်။

We, the people of Burma would never forget our heroes and their sacrifices no matter how hard the military regime tries to remove them from our memories.

In memory of 60th anniversary of Martyr’s Day on July 19, 2007.

0 comments: