Monday, July 23, 2007

People and Govenment

The relatives of Ma Pyu, a university student who campaigned for the NLD in the 1990 election, expressed similar sentiments. They told Ma Pyu’s parents: ‘Ma Pyu doesn’t know anything. Why are you letting her do this political work, fighting the government? Our government is very big and your daughter is so small and has no knowledge. It’s useless.’

The attitude of Ma Pyu’s relatives is exactly what successive military regimes have tried to cultivate. The relatives took it for granted that the people in power knew everything and ordinary people did not have the capacity to change the situation, so they should stay quiet. Not only did her relatives see themselves as powerless, but they sought to disempower Ma Pyu as well.

Extracted from “Living Silence” by Christina Fink, Chapter 5 – Families.

စဉ်းစားကြဖို့ပါ။ ဒီလိုပဲ ကျနော်တို့ ဆက်နေသွားကြမလား။ ကိုယ်မလုပ်နိုင်တာ၊ မလုပ်ရဲတာကို ကိုယ့်သားသမီးတွေ လုပ်ရင် အားပေးမလား၊ တားဆီးမလား။ တော်လှန်ရေးတိုင်းမှာတော့ အနည်းနဲ့အများ စွန့်လွှတ်မှုတွေ လုပ်ကြရမှာပဲ။ ကျနော့်အမြင်တော့ (ကို)မင်းကိုနိုင်တို့ ၈၈ ကျောင်းသားခေါင်းဆောင်တွေရဲ့ မိဘတွေဟာ ရဲရင့်တဲ့ စွန့်လွှတ်မှုကို လုပ်ခဲ့ကြတယ်။ သူတို့ချစ်တဲ့ သူတို့မြတ်နိုးတဲ့သားသမီးတွေကို ဗမာပြည်ကြီး ကောင်းစားဖို့အတွက် အန္တရာယ်ကြီးမှန်းသိသိနဲ့ လူထုဘက်က ရပ်တည်ခွင့် ပေးခဲ့တယ်။

ဒီလို မစွန့်လွှတ်နိုင်တဲ့ မိဘတွေ များနေသရွေ့တော့ ကျနော်တို့ လိုချင်တဲ့ ဒီမိုကရေစီရမှာ မဟုတ်ဘူး။ ကျနော်ထပ်ပြောဦးမယ်။ ၉၆ မှာ ဆန္ဒပြပွဲတွေဖြစ်တော့ လာလိုက်ကြတဲ့မိဘတွေ။ ထောင်နဲ့ချီတဲ့ ကျောင်းသားအုပ်ကြားဝင်ရှာ၊ ငိုယိုပြီး အတင်းဆွဲထုတ်။ ဒီလိုနဲ့ တတိတိနဲ့ လျော့ပါးသွားရတဲ့ အင်အားဟာ သိပ်များပါတယ်။ ဒါဟာ စစ်တပ်က ဖြစ်စေချင်တဲ့အတိုင်း တိတိကျကျပါပဲ။ လူထုအင်အားကို လူထုနဲ့ပဲ ပြန်ဖြိုလိုက်တာပေါ့။ သူတို့အတွက် သက်သာတယ်လေ။ လူအများကြီးကို ဖမ်းဆီး၊ ရိုက်နှက်ရတာဟာ လူနည်းနည်းကို ဖမ်းရတာလောက် ဘယ်လွယ်မလဲ။

0 comments: