Wednesday, May 23, 2007

မျက်နှာ

ကိုယ့်မျက်နှာကို

တရွာမှတ်ထင်၊ ကိုယ့်ကိုခင်သည့်

ချစ်ကြင်သူလေးရေ။

တရက်တရွာ၊ တမျက်နှာ

ဆက်ကာ ဆက်ကာ ပြောင်းခဲ့ပြီ။


အသက်၂၀

အမှန်မျက်နှာ၊ ငါကြည့်မှာပေါ့

ဘာမျှကိုယ်ကျိုးမကြည့်နိုင်။


အသက်၃၀

မှန်တိုင်းမဟုတ်၊ အလုပ်မျက်နှာ

ငါကြည့်မှာပေါ့

ဒါမှ အလုပ်ဖြစ်မယ်။


အသက်၄၀

မှန်သည်ကိုသိ၊ ကြည့်မနေနိုင်။

အလုပ်ကိုသိ၊ ကြည့်မနေနိုင်။

မယား၏ မျက်နှာ

သား၏ မျက်နှာ၊ ကြည့်ရပါပြီ

မှန်ရာ မလုပ်ဝံ့တော့ပြီ။

မှန်ရာမလုပ်၊ ရန်ငါရှုပ်

ကုပ်ကုပ်ကလေး ကွေးရပြီ။


အသက် ၅၀

အသက် ၆၀

အသက် ၇၀……..

အသက်ကြီးမှ၊ လူမုန်းမခံရပါစေနှင့်

လောကဆိုတာ သည်လိုပေါ့ကွယ်။


ချင်းတိုင်းရင်းသား ယဉ်ကျေးမှုအသင်းမဂ္ဂဇင်း (ခုနှစ် မဖော်ပြထားပါ)

စာမျက်နှာ ၇၅-၇၆။ ပုဂံကျောင်းက ခေါင်းလောင်းသံ၊ တင်မိုး။ ၁၉၇၇ ဇူလိုင်လ။


သက်ဆိုင်ရာ သက်ဆိုင်ရာ မျက်နှာ ပိုင်ရှင်များသို့…………….

0 comments: