ကိုနစ် နှင့် ဆုံဆည်းရာ တို့၏ blog များ cbox များ သို့ access မရသူများအတွက် သတင်းများပါ။
26 Sep 07, 10:04Niknayman: တောင်ဥက္ကလာပ ငွေကြာရံကျောင်းတိုက်အပြင်ဘက်တွင် လုံထိန်းများလာရောက်ချထားရာ၊ ကျောင်းထိုင်ဆရာတော်က ထွက်ပြောသဖြင့် ကျောင်းတိုက်နှင့် ဝေးသောနေရာမှသာ စောင့်ကြည့်နေသည်ကို တွေ့ရပါသည်။
26 Sep 07, 10:36Niknayman: ရွှေတိဂုံဘုရားတောင်ဘက် ကားအ၀င်မှာ လက်နက်ကိုင်စစ်သားတချို့ စောင့်နေပါတယ်။ အရှေ့ဘက်မုခ်မှာ စစ်လော်ရီတစီးရပ်ထားပြီး လူအတက်အဆင်း အလယ်ပစ္စယံ အတက်မုခ်ကို တယောက်စာသာ သံတခါးဖွင့်ထားပြီး အမ်၁၆ သေနတ်ကိုင် ရဲသားတဦး တံခါးကနေ ပိတ်စောင့်နေပါတယ်။ အတက်အဆင်းများကိုလည်း စစ်နေပါတယ်။ အနောက်မှာ ပစ္စည်းစစ်ဖို့ ဘုရားလုံခြုံရေးများလည်း စောင့်နေပါတယ်။ အရှေ့ဘက်မုခ်မှာ စစ်လော်ရီတစီးရပ်ထားပြီး လူအတက်အဆင်း အလယ်ပစ္စယံ အတက်မုခ်ကို တယောက်စာသာ သံတခါးဖွင့်ထားပြီး အမ်၁၆ သေနတ်ကိုင် ရဲသားတဦး တံခါးကနေ ပိတ်စောင့်နေပါတယ်။ အတက်အဆင်းများကိုလည်း စစ်နေပါတယ်။ အနောက်မှာ ပစ္စည်းစစ်ဖို့ ဘုရားလုံခြုံရေးများလည်း စောင့်နေပါတယ်။ကြေးသွန်းဘုရားရှေ့မှာ ဒိုင်နာကား သုံးစီး လမ်းကို ပိတ်လုနီးပါးရပ်ထားပြီး လက်နက်အပြည့်အစုံကိုင်ထားတဲ့ (police) လို့ ရင်ပတ်မှာ ရေးထားတဲ့ ရဲ တရာနီးပါး လမ်းကို ရင်ဘောင်တန်းပြီး ပိတ်ထားပါတယ်။ ရွှေတိဂုံဘုရား အရှေ့ဘက်အဆင်းကလွဲလို့ ကျန်သုံးဘက်လုံးကို ပိတ်ထားပါတယ်။ ရဲအရာရှိလုပ်တဲ့သူက အဲဒီအနားက လမ်းဘေး ဆိုင်တွေ အားလုံးကို "မင်းတို့ဆိုင်တွေချက်ချင်းပိတ်စမ်း" လို့ အော်ဟစ်ပြီး ပိတ်ခိုင်းနေပါတယ်။
26 Sep 07, 10:37Niknayman: ကားအသွားအလာတွေကို နောက်ပြန်လှည့်မောင်းခိုင်းပြီး လမ်းပိတ်လိုက်တဲ့ ပုံစံဖြစ်နေပါတယ်။ ဘုန်းကြီးတချို့ကတော့ အဲဒီအနားမှာ ရစ်သီရစ်သီနဲ့နေနေပါတယ်။ တချို့ လာနေတဲ့ ဘုန်းကြီးတွေကိုလည်း တွေ့ရပါတယ်။ ပတ်ဝန်းကျင်က ထွက်ကြည့်နေတဲ့လူတွေကြောင့် ကြေးသွန်းဘုရား၊ ဗဟန်းဈေးနဲ့ ရွှေတိဂုံဘုရားအရှေ့ လမ်းစုံနေရာမှာ လူတွေ စုနေပါတယ်။ လမ်းတွေပိတ်ထားသလိုဖြစ်နေတဲ့အတွက် ကားတွေလမ်း ပိတ်လျက်ရှိပါတယ်။မြောက်ဘက်မုခ် ကိုလည်း လူတဦးဝင်စာပဲဖွင့်ထားပြီး လုံခြုံရေးများ ချထားပါတယ်။ အာဇာနည်ကုန်းနားမှာ စစ်ထရပ်ကား နှစ်စီး ရပ်ထားပါတယ်။ လင့်လမ်းရဲ့ အထွက်ဘက်မှာ သီလရှင်ကျောင်းနဲ့ အိမ်တွင်းမှုသိပ္ပံကျောင်းနံဘေးမှာ သေနတ်ကိုင် ရဲ ၄၀လောက်ကို တွေ့ရပါတယ်။
26 Sep 07, 10:54Niknayman: မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုကြီးမှ ဦးဆောင်ကိုယ်တော်သံတပါးဖြစ်သည့် အရှင်ခေမိန္ဒက “ဦးပဉ္ဇင်းတို့ကတော့ ငြိမ်းချမ်းတဲ့နည်းဆိုတဲ့လမ်းစဉ်ကလွဲလို့ တခြားနည်းလမ်း ဘာကိုမှကိုင်စွဲဖို့ ဆုံးဖြတ်မထားဘူး။ ဒီနည်းနဲ့ပဲ လှုပ်ရှားမှုကို ဦးဆောင်သွားမယ်” ဟု မိန့်တော်မူသည်။ ဘုရားရှင်တော်ခြေတော်ရင်းဖြစ်သည့် အောင်မြေအရပ်တွင် သစ္စာပြုကြရန် တိုင်းနှင့် ပြည်နယ်များရှိ သံဃာတော်များကို သံဃာ့တပ်ပေါင်းစုကြီးက နှိုးဆော်ထားကြောင်း ဦးခေမိန္ဒကပြောသည်။ ၎င်းသစ္စာအဓိဌာန်မှာ “သံဃာထုတရပ်လုံး၏ ပတ္တနိက္ကုဇ္ဇနကံဆောင်မှုသည် ဗုဒ္ဓ၏ဓမ္မစက်အာဏာ အစစ်အမှန် ဖြစ်သည်။ ဒီကံကိုဆောင်ကြတဲ့ သံဃာထုသည်လည်း ဗုဒ္ဓ၏သားတော်များအစစ်အမှန်များ ဖြစ်ကြသည်။ ဤမှန်ကန်သော သစ္စာ စကားကြောင့် … ဗုဒ္ဓသားစစ်ဖြစ်တဲ့ သံဃာထုတရပ်လုံးနဲ့ ဗုဒ္ဓထားတော်မူခဲ့တဲ့ အာဏာနဲ့ သာသနာတော်ကို ဖျက်ဆီး စော်ကားနှိပ်စက်နေကြတဲ့ ဆန့်ကျင်မျက်ကွယ်ပြုသူများ အာဏာရှင်မာနတ် အားလုံးကို ဗုဒ္ဓရဲ့ဒဏ်၊ သာသနာတော်ရဲ့ဒဏ်၊ သံဃာ့ကံရဲ့ဒဏ်၊ ဓမ္မစက်ရဲ့ဒဏ်၊ ပြည်သူများရဲ့ဒဏ်၊ မေတ္တာတရားရဲ့ဒဏ်၊ သာသနာစောင့်နတ်အပေါင်းတို့ရဲ့ဒဏ် အပေါင်းကို လက်ငင်းမကြာ ချက်ချင်းခဏ ဒိဌဓမ္မ ရင်ဆိုင်ခံစားကြစေသောဝ်” ဟု ဦးခေမိန္ဒက ပြောသည်။
စက်တင်ဘာ ၂၆ ရက် ၂၀၀၇မြန်မာစံတော်ချိန် ၉ နာရီ
ရန်ကုန် မိုးကောင်းဘုရားနား မိုးကောင်းဘုန်းကြီးကျောင်းရှေ့ စစ်ကား ၂စီး ရောက်ရှိ ၊ စစ်သားတွေ ၀ါးချွန်တွေ ၊ ဒိုင်းတွေ ကိုင်ထား ကြတယ် ။ ဘုန်းကြီးကျောင်းထဲ ၀င်ဖို့ကြိုးစားတာ ၊ ဘုန်းကြီးကျောင်းမှ ဂိတ်မဖွင့်ပေး ဟု ရန်ကုန်မြို့ခံတဦးမှ ပြောကြားသည်။ဆုံဆည်းရာ
စက်တင်ဘာ ၂၆ ရက် ၂၀၀၇မြန်မာစံတော်ချိန် ၁၀း၃၀ နာရီ
မနေ့ည ၁၁နာရီမှာ မိုးကုတ်မြို့မှ လူငယ်ခေါင်းဆောင်များ ဖြစ်ကြတဲ့ ကိုမင်းသူ နဲ့ မပွင့်ဖြူတို့ကို နေအိမ်မှာ ရဲတွေနဲ့ စစ်သားတွေက လာရောက်ခေါ်ဆောင်သွားပါတယ်။ဒီနေ့မနက် ၈နာရီမှာ သူတို့၏ မိသားစုဝင်တွေက မိုးကုတ်ရဲစခန်းမှုးထံ သွားရောက်မေးမြန်းရာမှာ စခန်းမှုးကစစ်ဗျူဟာရုံးကိုသာ သွားရောက်စုံစမ်းဖို့ ပြောကြားပါတယ်။ ဗျူဟာရုံးက တာဝန်ကျရဲဘော်တွေက သူတို့ဘာမှ မသိကြောင်းပြန်ပြောပါတယ်။ သူတို့အနေနဲ့ ယခုလို ဖုံးကွယ်နေတာဟာ မြို့လူထုက လာရောက်ဝိုင်းမှာကို စိုးရိမ်တဲ့အတွက် ဖြစ်နိုင်ကြောင်း သိရပါတယ်။ဆုံဆည်းရာ
Wednesday, September 26, 2007
Bloggers' News (26Sep)
Posted by generation96 at 12:38 PM
Labels: Bloggers' News
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment