ငြင်းတာတွေရပ်ကြပါ။ ထောင်ချောက်ထဲ မဆင်းပါနဲ့။ ဆန္ဒပြတဲ့လူအရေအတွက် ၁၀ ဖြစ်ဖြစ်၊ ၁၀၀ ဖြစ်ဖြစ်၊ ၁၀၀၀ ဖြစ်ဖြစ် ကျနော်တို့ ငြင်းနေစရာ မလိုပါ။ မလုပ်ရဲတဲ့ ကျနော်တို့ အားလုံးထက် ရဲရင့်တဲ့ သူတို့အားလုံးကို လေးစားရမှာ၊ အားပေးရမှာ ကျနော်တို့ တာဝန်။
“၂၀၀၀ မဟုတ်ပါဘူးကွာ၊ ၂၀ လောက်ပါ။ သတင်းတွေချဲ့ကားရေးကြတာ” ဆိုတဲ့ အပြောမျိုးတွေ အာဏာရှင်တို့က သိပ်ကြိုက်ပါ့။ ကျနော့် အမြင်တော့ ဒီလို ပြောကြတဲ့ လူတွေဟာ အာဏာရှင်တို့ရဲ့ ဘက်တော်သားတွေဖြစ်ဖို့ အများဆုံးပဲ။ ဒီလို များများပြောလေ ကျနော်တို့ အတိုက်အခံ သတင်းတွေကို ယုံကြည်မှု နည်းလေ ဖြစ်အောင်ပေါ့။ မသိမသာလေးနဲ့ သိသိသာသာ စိတ်ဝမ်းကွဲစေတဲ့ ထောင်ချောက်ပါ။
ဒီသတင်းကို ရေးနေကြရတဲ့ လူတွေဟာ ဗမာပြည်ကလူတွေ ပြောသမျှပေါ်မူတည်ပြီး ရေးရတာပါ။ ဘယ်လိုနည်းနဲ့မှ အတိအကျ မမှန်နိုင်ပါဘူး။ ဒါကို နားလည် လက်ခံရမယ်။ အဓိက က ဘာတွေဖြစ်နေသလဲ ဆိုတဲ့ ကိစ္စပါ။ ဒါတွေ ဒီနေရာမှာ ဖြစ်တယ်ဆိုတာ သိရရင် သူတို့ တာဝန်ကျေပြီ။
နားလည်ပါ။ သဘောပေါက်ပါ။ လုပ်စရာရှိတာ ဆက်လုပ်ကြပါ။
0 comments:
Post a Comment