Wednesday, November 08, 2006

စိတ်ကြီးဝင် မြက်ရိုင်းတောအုပ်

စိတ်ကြီးဝင် မြက်ရိုင်းတောအုပ်

စိတ်ကြီးဝင် မြက်ရိုင်းတအုပ်
ဗရုတ်သုက္ခ
သန်မာနေလိုက်တာ
အသွေး တပြောင်ပြောင်
ခေါင်းတထောင်ထောင်နဲ့ပေါ့..

သူတို့
အရပ်ရှည်လာလည်း
အရွယ် မရောက်ကြသလို
အရိပ် မပေးနိုင်ကြတဲ့ အကြောင်းကို
မြက်စဉ်းသမားက
ရှင်းပြနေလေရဲ့

မြူဝေ


၁၉၉၆ - ၉၈ ပတ်ဝန်းကျင် လောက်က ထုတ်ဝေတဲ့ အင်နားရှား၊ ဥာဏ်လင်းမင်း၊ မြူဝေ တို့ရဲ့ မညီညာတဲ့ စက်ဝိုင်း ကဗျာစာအုပ်ထဲက ကူးယူ ဖော်ပြပါတယ်။

မြက်စဉ်းသမားကတော့ ရှင်းပြနေတုန်းပါ။ မြက်ရိုင်းတွေကတော့ နားလည်ဟန်မတူပါဘူး။

0 comments: