Friday, October 20, 2006

တွန်းနေကြမယ့်သူတွေ

ကိုမင်းကိုနိုင်အတွက် မွေးနေ့ဆုတောင်းလေးတွေ မြန်မာblogတွေမှာ တွေ့ရတာ အရမ်းကို ကြည်နူးစရာ၊ ပျော်စရာ ကောင်းပါတယ်။ သိပ်လှတဲ့ ဆုတောင်းလေးတွေပါ။

ဒီဆုတောင်းတွေကို ဖတ်ပြီး ကျနော်လို ကိုမင်းကိုနိုင်နဲ့ သွေးမတော် သားမစပ်၊ ဘာမဆိုင် ညာမဆိုင် ဟိုးအဝေးကြီးက လူတယောက် ပျော်တယ်၊ အားတက်တယ် ဆိုရင် ကိုမင်းကိုနိုင်ရဲ့ မိဘတွေ၊ သူ့သူငယ်ချင်းတွေ ဘယ်လောက်များ ပျော်လိုက်မလဲ။ ၈၈ မှာ သူတို့တွေ စွန့်လွှတ်ခဲ့ကြတုန်းက ကလေးသာသာ ရှိသေးတဲ့သူတွေ၊ မွေးကာစ ကလေးတွေ၊ လူ့လောကထဲ ရောက်တောင် မလာသေးတဲ့သူတွေက သူ့ကို ချစ်တယ်၊ လေးစားတယ် ဆိုတာသိရင် ကိုမင်းကိုနိုင်ရော ဘယ်လောက်များ အားတက်လိုက်မလဲ။ မြန်မာ ပြည်သားတွေရော ဘယ်လောက် အားရကြမလဲ။

အစ်ကိုတို့ တတွေလို ရှေ့ တန်းက မတွန်းနိုင်လို့  တွန်းနိုင်သလောက်လေး နောက်တန်းကနေ ၀င်တွန်းလိုက်ပါတယ် အစ်ကို။ နဲတယ်များတယ် သဘောမထားပါနဲ့ ခင်ဗျာ။ - ကို--

ဟုတ်ပါတယ် ကို- -ရေ ကျနော်လည်း တွန်းနေပါတယ်။ တတ်နိုင်သလောက် တွန်းနေရအုံးမှာပါ။ အားလုံးကိုလည်း ၀ိုင်းတွန်းစေချင်ပါတယ်။

ကျနော်တို့ ပေးနိုင်တာ စိတ်အင်အားပါ။ လက်မှတ်တွေထိုး၊ အင်္ကျီအဖြူတွေဝတ် ကိုယ်လုပ်နိုင်တာလေး လုပ်ပေးပြီးတော့ အကောင်းဆုံး ကြိုးစားကြရင် အောင်မြင်မှာပါ။

မွေးနေ့ဆုတောင်းကြတဲ့ သူတွေ၊ blog မှာဆုမတောင်းဖြစ်ပေမယ့် comment ရေးပြီး ဆုတောင်းကြတဲ့ သူတွေ၊ The week in white logo လေးနဲ့ blog တွေအားလုံးကို ကျနော်က ကျေးဇူးတင်ပါတယ်လို့။

မွေးနေ့ဆုတောင်းlinkတွေပေးထားပါတယ်။ ကြည့်ပြီး ကြည်နူးပျော်ရွှင်နိုင်ပါစေ။ ဆုတောင်းရေးတဲ့ blogger တွေကိုတော့ link လုပ်မယ်ဆိုတာ ခွင့်တောင်းထားပါတယ်။ အချိန်မရလို့ ခွင့်ပြုချက်မရပဲ တင်လိုက်တာကိုတော့ နားလည်ပေးပါနော်။

dathana
emotional-corner
thuhninsee
link deleted upon request
link deleted upon request
link deleted upon request

ကို- -ရေ တွန်းတာလေးက လှလို့ Title စကားလုံး သုံးလိုက်တယ်နော်။

8 comments:

သက်စံ said...

ကောင်းတယ်ဗျာ…ကျွန်တော်လည်းစတန့် ထွင်ပြီးမတင်တာမဟုတ်ဖူးဗျ။ အဲဒီနေ့ က ကိုသက်ဝင်းအောင် သတင်းဖတ်ပြီး အတော်လေးစိတ်မကောင်းဖြစ်သွားလို့ပါ။ ကျွန်တော်တို့ ဘက်ကလူတွေ အချိန်မတန်ခင်ွတစ်ယောက်ပြီးတစ်ယောက်လွင့် သွားတာသိလိုက်ရတိုင်း ရင်မှာခံရခက်တယ်ဗျာ။ သူတို့ တွေက ကျွန်တော်တို့ တွေရဲ့ ကျေးဇူးရှင်တွေပါ။ ကိုမင်းကိုနိုင် ကျန်းကျန်းမာမာ နဲ့ တိုင်းပြည်အတွက်ဆက်လက် အလုပ်တွေအများကြီး လုပ်ပေးနိုင်ပါစေလို့ ဆုတောင်းပါတယ်။

generation96 said...

သဘောပေါက်ပါတယ် ကိုစိန်မျောက်မျောက်ရေ။ ကျနော်လည်း ကိုသက်ဝင်းအောင် အတွက် စိတ်မကောင်းပါဘူး။ blog ပေါ်မတင်ဖြစ်ပေမယ့် ရင်ထဲမှာတော့ရှိပါတယ်။ 7monkeys မှာ contribute လုပ်ဖို့ ကျနော် ပြောထားပေမယ့် ဘယ်လိုလုပ်ရမှန်း မသိဖြစ်နေပါတယ်။ အဲဒါလေးလည်း လမ်းကြုံရင် guide လုပ်ပါအုံး။ ကျေးဇူးပါဗျာ။

Anonymous said...

ဝိုင်းတွန်းနေတဲ့  တခြား Blog တွေ ရှိသေးတယ်ဂျ။ ရှာဖွေ စုဆောင်းပေးပါဦးလို့။

Ka Daung Nyin Thar said...

I've done the part for Ko Minn Ko Naing birthday as well.. although it's small, it is done with my heart.. happy birthday KMKN!

Anonymous said...

အဲဒီနေ့က အိမ်မှာပဲ သူ့အတွက် ဆွမ်းတင်ပွဲလုပ်ပေးပြီး ဘုန်းကြီးကျောင်းမှာပဲ သွားလှူပေးဖြစ်တယ်… လုံးဝ မအားတာနဲ့ ဘလော့ခ်ပေါ်တော့ တက်မရေးဖြစ်ဘူး …. ဘာပဲဖြစ်ဖြစ် အခုလိုသိရတာ ၀မ်းသာရပါတယ်.. အားလုံးဆုတောင်းသံတွေအတွက်ပေါ့….

Anonymous said...

Hi Ko Generation96, Can you remove all the blogger's links, and associated mentionings within this post? As your blog is very political, we are afraid of the consequences. We have already voiced our feelings in the blogs so I think that is quite fair and enough. (It is even more than enough compared to more than 100 of silent Myanmar bloggers). We know you are doing good but we can't afford or risks the danger as most of us are blogging with real identities and real names, Not using pseudonyms.

We also think this is end October so the post has already served its intention to wish Ko Min Ko Naing's birthday. Many people has already read this post. So its better not to archive it as it includes many non-political citizen bloggers.

Hope you understand. Thank you.

dathana said...

Ohhhhh.... i didn't request to delete my link. pls do not remove. i appreciate it.

ThuHninSee said...

မွေးနေ့ဆုတောင်းတာလောက်တော့Y
လုပ်ခွင့်၇ှိပါတယ်နော်။
နိုင်ငံေ၇းမဟုတ်တဲ့ ပုဂ္ဂိုလ်ေ၇းသက်သက်ပဲဖြစ်ဖြစ်ပေါ့။
မဖြုတ်ပါနဲ့။