Friday, January 26, 2007

ဦးတင်မိုး အမှတ်တရ

“တကယ်ကြတော့ ကဗျာဆရာဆိုတာ ပညာရှိမဟုတ်ပါဘူး။

ခံစားသူ သက်သက်ပါပဲ။”

၇၊၆။၂၀၀၆ ထိုင်းနိုင်ငံ - ဦတင်မိုး (မြန်မာနိုင်ငံလွတ်လပ်သည့် သတင်းအေဂျင်စီတွင် ပြောကြားသည့် စကားဝိုင်းမှ)

တတိုင်းပြည်လုံးက ချီးကျူး ဂုဏ်ပြုနေပေမယ့် မာနမရှိပဲ ပြောခဲ့တဲ့စကားလေးပါ။ ဆရာဟာ လူရှေ့မှာ ကြည့်ကောင်း နားထောင်ကောင်းအောင် ပြောတာမဟုတ် အပြင်မှာလည်း တကယ်ပဲ ရိုးသားတယ်။ ဖြောင့်မတ်တယ်။ အင်မတန်လည်း သဘောကောင်းပါတယ်။

၂၂ ဇန်န၀ါရီမှာ ချစ်တဲ့ ဗမာပြည်နဲ့ သူ့ပြည်သူပြည်သားတွေကို ကျောခိုင်းသွားတဲ့ ဆရာ ဦးတင်မိုးကို ဦးညွှတ်ပါတယ်။ အဖေ့ကိုယ်စား ဆရာဂျမ်းကို နှုတ်ဆက်ပါတယ်။


မိုးမခမှာ ဦးတင်မိုးအမှတ်တရ စကားစုတွေ၊ ကဗျာတွေ ဖတ်နိုင်ပါတယ်။

0 comments:

Tuesday, January 23, 2007

သတိပေးလိုက်ပြီ

စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များကတော့ စစ်အာဏာရှင်တွေနဲ့ သူတို့ကို ထောက်ခံနေတဲ့ အဖွဲ့အစည်းတွေ၊ အစိုးရတွေကို သတိပေးလိုက်ပါပြီ။ စစ်သည်တော်တို့ရဲ့ ကြေငြာချက်ကို ယနေ့မြန်မာမှာ ဖတ်ပါ။

စစ်သွေးကြွတယ်ပဲ ပြောပြော၊ အကြမ်းဖက်လုပ်ရပ်တွေ အားပေးတယ်ပဲ ဆိုဆို၊ ကျနော်ကတော့ သူတို့ကို သဘောကျတယ်။ ဟိုး ၁၉၉၉ ဗန်ကောက် ဗမာသံရုံးဝင်စီးတည်းက သူတို့ လုပ်ရပ်ကို ထောက်ခံတယ်။ တော်ရုံလူတွေ မလုပ်ရဲတဲ့ စွန့်လွှတ်စွန့်စားတဲ့သတ္တိနဲ့ လုပ်ခဲ့ကြလို့ ဗမာ့အရေးကို နိုင်ငံတကာက ပိုသတိထားမိစေတယ်။ ဗမာသံရုံးပေါ်မှာ ခွပ်ဒေါင်းအလံ တလူလူပျံနေခဲ့တာကို အမှတ်ရနေတုန်းပဲ။

သူတို့ဟာ အကြမ်းဖက်သမားတွေ မဟုတ် ဗမာပြည်ဒီမိုကရေစီ ရရှိရေးလှုပ်ရှားနေတဲ့ ကျောင်းသားတွေသာဖြစ်တယ်လို့ ယုံကြည်ကြောင်း ထိုင်းအစိုးရက ကြေငြာခဲ့ပါတယ်။ သူတို့နဲ့အတူ ရဟတ်ယာဉ်နားထိလိုက်သွားခဲ့ရတဲ့ ဓားစာခံတွေကိုယ်တိုင်ကလည်း ဗမာပြည်ဒီမိုကရေစီရစေကြောင်း သူတိုတတွေကို အောင်မြင်စေကြောင်း နှုတ်ဆက်ခဲ့ကြတယ်။

ဒီအဖြစ်အပျက်တွေဟာ ကျောင်းသားစစ်သည်တော်တွေကို အကြမ်းဖက်သမား မဟုတ်မှန်း သက်သေဖြစ်ခဲ့တယ်။ အဲဒီတုန်းက အမှတ်တရ ပုံတွေ သတင်းတွေ ဒီမှာ ရှိပါတယ်။

အခုတော့ ဗုံးတွေခွဲနေပါလားလို့ ဆိုရင်တော့ သူတို့တွေ ပြောသလိုပဲ လုပ်သင့်တာလုပ်တာလို့ပဲ ကျနော်မြင်တယ်။ တော်လှန်ရေးလုပ်တယ်ဆိုတဲ့နေရာမှာ ပေးဆပ်ရတာတွေတော့ရှိကြတာပါပဲ။ အပြစ်မဲ့ပြည်သူတွေမသေစေချင်ပေမယ့် ကံမကောင်း အကြောင်းမလှရင်တော့ အထိအခိုက်ရှိမှာပါ။ ဘာပဲပြောပြော ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုရင်တောင်မှ အသက်အန္တရာယ်ရှိသေးတာပဲလေ။

အကြမ်းမဖက်တဲ့နည်းနဲ့ ကြိုးစားခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ နယ်လ်ဆင်မင်ဒဲလားတို့တောင်မှ နောက်ဆုံးမှာ လူဖြူအစိုးရကို အကြမ်းမဖက်နည်းရော၊ အကြမ်းဖက်နည်းရော သုံးခဲ့ကြရသေးတာပဲ။ ကျနော်တို့တွေလည်း လုပ်တာတရားပါတယ်။ သူနှိပ်စက်တာချည်း ငြိမ်ခံနေတာထက် နှိပ်စက်တဲ့လူတွေကို ပြန်နှိပ်စက်တာ လုံးဝ တရားတယ်။ သူတို့တွေ အေးအေးချမ်းချမ်း မနေနိုင်အောင်လုပ်တာ တရားတယ်။ ကပ်ဖားရပ်ဖားတွေ စိတ်ချမ်းချမ်းသာသာ မနေနိုင်အောင်လုပ်တာ တရားတယ်။

2 comments:

Thursday, January 18, 2007

ဂန္ဓာလရာဇ် မှတ်တမ်း - ၂

အစိုးရဆိုသည်မှာလည်း ပုထုဇဉ် လူသားတို့ပါဝင်၍ ဖွဲ့စည်းအပ်သော အာဏာပိုင်အဖွဲ့ဖြစ်၏။ လူဆိုသည်မှာ မှားကြ၏။ ထို့ကြောင့် လူတို့ပါဝင်သော အစိုးရအဖွဲ့သည် အမှားလည်း ရှိပေမည်။ အမှန်လည်းရှိပေမည်။ အစဉ်ထာဝရမှန်ကန်ကောင်းမွန်နေသည်ဟူ၍တော့မဖြစ်နိုင်ပေ (ဖြစ်နိုင်ပါတယ်ဗျ၊ ခုဆို ၁၉နှစ်ရှိတော့မယ်။ တခုမှ မမှားသေးဘူး။ အဲလူမဟုတ်ရင်တော့ မပြောတတ်ဘူး)။ အကယ်၍အစိုးရသည် မှားခဲ့သော် ဤအစိုးရကို အာဏာအပ်နှင်းထားသော ပြည်သူလူထုမှ အပြုသဘောဖြင့် ဝေဖန်လျှင် အစိုးရက လက်ခံရပေမည် (အာဏာသိမ်းထားပါက ဝေဖန်လျှင် လက်ခံစရာမလို။ မှတ်လော့)။ ပြစ်တင်လျှင်လည်း ပြုံးရွှင်စွာ လက်ခံရပေမည် (ဒါကြောင့်ပြောတာ ဒီမိုကရေစီဟာ မကောင်ဘူး၊ ပြစ်တင်ရင် ပြုံးရွှင်ရမတဲ့။ ပြုံးစရာလားလို့။ အင်းစိန် အင်းစိန်….)

ဤအကွက်သည် ဒီမိုကရေစီ၏ ချစ်စရာကောင်းသော အကွက်ပင် မဟုတ်ပါလား။ ပြစ်တင်သံ၊ ဝေဖန်သံ၊ ထုသံ၊ နှက်သံ၊ ခနဲ့သံ၊ ဆဲသံတို့ဖြင့် ပြည့်နှက်၍နေသော ဗမာသတင်းစာများကို နှင်းခဲများအောက်မှနေ၍ လွမ်းမိပေသည်။ ဗမာသတင်းစာဆရာများ မျက်နှာကိုလည်း မြင်ယောင်လာသည်။

နောက်တော့ သတင်းစာဆရာများကို ပိုမိုသတိရသည်မှာ ပီကင်းတွင် ၀န်ကြီးချုပ် သတင်းစာဆရာ အစည်းအဝေးလုပ်သည့်နေ့ ဖြစ်ပေသည်။

ထိုနေ့တွင် သတင်းစာဆရာ စုံစုံလင်လင် ၄၀-ကျော် ၅၀ နီးပါး တက်ရောက်ကြသည်။ အစည်းအဝေးစကတဲက မရွှေဇင်သည် ၀င်၍နားထောင်၏။ သတင်းစာဆရာတို့သည် တရုပ်လိုမေး၍ ဘာသာပြန်သူကတဆင့် ၀န်ကြီးချုပ်သို့ အင်္ဂလိပ်လိုပြောရသည်။

များသောအားဖြင့် မေးခွန်းတို့သည်အရေးမကြီးလှ။ “၀န်ကြီးချုပ်ပီကင်းကိုဘယ်လိုထင်ပါသလဲ`“ အစရှိသော စကားစပ်သဘောမျိုး မိတ်ဆက်မျိုးလောက်ပင် ဖြစ်သည်။

ရန်ကုန်တွင် သတင်းစာ အစည်းအဝေးကို အမြဲနားထောင်နေရသော မရွှေဇင်အဖို့ စိတ်ထဲတွင် တမျိုးဖြစ်နေပြန်သည်။ အစည်းအဝေးသည် ခဏပင် ကျင်းပ၍ပြီးဆုံးသွားသည်။

အကယ်၍ ဗမာသတင်းစာဆရာများကို ဤလို အစည်းအဝေး၌ ချ၍ပေးလိုက်ရလျှင် မေးလိုက်ကြမည်ဖြစ်ခြင်း။ အပ်ကျသည်ကအစ မိုးမီးလောင်သည့် ကိစ္စအထိ ပွင့်လင်း ရဲတင်းစွာ မေးကြပေမည်(ယခုကား ခေတ်ပြောင်းလေပြီ။ အမေးခံချင်သည့် မေးခွန်းများကို ပုံနှိပ်၍ သတင်းစာဆရာများအား ကြိုတင်ပေးကာ မေးစေ၏)

ဂန္ဓာလရာဇ် မှတ်တမ်း- စာမျက်နှာ ၆၈

3 comments:

Wednesday, January 17, 2007

ဂန္ဓာလရာဇ် မှတ်တမ်း - ၁

တရုတ် ၀န်ကြီးချုပ် ချူအင်လိုင်ရဲ့ ဖိတ်ကြားချက်အရ ၀န်ကြီးချုပ် ဦးနုဟာ ၁၉၅၄ခု နိုဝင်ဘာလကုန်မှာ တရုတ်ပြည်ကို မိတ်ဆက်သွားရောက်ခဲ့ပါတယ်။ ၀န်ကြီးချုပ်ကတော် ဒေါ်မြရီ၊ တရားလွှတ်တော်ချုပ် တရားဝန်ကြီး သတိုးမဟာသရေစည်သူ ဦးမြင့်သိန်း၊ ၀န်ကြီးချုပ်၏ အတွင်းဝန်နှင့် ၀န်ကြီးများအဖွဲ့ အတွင်းဝန် သရေစည်သူ ဦးဝင်းဖေ၊ ၀န်ကြီးချုပ်၏ စီမံကိန်းအတွင်းဝန် သီရိပျံချီ ဦးသန့်၊ စစ်ရုံးမှ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး အောင်ကြီး၊ ၀န်ကြီးချုပ်၏ ကိုယ်ရံတော် ဗိုလ်ကြီး ပြည်စိုး၊ ၀န်ကြီးချုပ်၏ အတွင်းရေး အတွင်းဝန် ဒေါ်ခင်စု၊ စာပေဗိမာန် မဂ္ဂဇင်း အယ်ဒီတာ ဦးထင်ကြီး၊ အထူး စုံစမ်းစစ်ဆေးရေးဋ္ဌာနမှ ဘာသာပြန် ဦးကျင်မောင်နဲ့ ရုပ်ရှင်နှင့် ပြဇာတ်ဋ္ဌာနမှ ဦးသိန်းထွေးတို့ လိုက်ပါသွားပါသတဲ့ (မောလိုက်တာ)။

အဲဒီခရီးစင်မှာ လိုက်ပါသွားကြတဲ့လူတွေထဲက ဦးနု၊ ဦးမြင့်သိန်း၊ ဦးဝင်းဖေ၊ ဦးသန့်၊ တက္ကသိုလ်ထင်ကြီး၊ ခင်နှင်းယု(ဒေါ်ခင်စု) နဲ့ ဗိုလ်မှူးကြီးအောင်ကြီးတို့ရေးတဲ့ မှတ်တမ်းတွေရယ် မိန့်ခွန်းတွေရယ် စုပေါင်းပြီး ဂန္ဓာလရာဇ် မှတ်တမ်းရယ်လို့ စာအုပ်ထုတ်ခဲ့ပါတယ်။ ၁၉၅၅ခု ဇူလိုင်လမှာ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းမှ ထုတ်ဝေပါတယ်။ (ဂန္ဓာလရာဇ် ဆိုတာ တရုတ်ပြည်ကို ခေါ်တဲ့ အသုံးအနှုန်းဖြစ်ကြောင်း ပြောပြစရာ လိုမယ်မထင်ပါဘူး။ လိုလည်း ခုပဲပြောလိုက်ပါပြီ။)

အဲဒီထဲက ခင်နှင်းယု(ဒေါ်ခင်စု) ရေးတာလေးကို ဝေမျှလိုက်ပါတယ်။ ဂန္ဓာလရာဇ် မှတ်တမ်း စာအုပ်မှ မူရင်း စာလုံးပေါင်းများအတိုင်း ကောက်နှုတ်ဖော်ပြပါမယ်။ ( ) ထဲက စာတွေကတော့ ကျနော်လက်ဆော့ထားတာတွေပေါ့။

ပီကင်းကို ရောက်ပြီးသည့် နောက်နေ့တွင် ဗမာပြည်ကို အထူးသတိရ၏။ ရန်ကုန်တွင်မူ နံနက်မိုးလင်းလျှင် မရွှေဇင်၏ရုံးခန်း၌ သတင်းစာတို့ပြည့်၍ နေလေသည်။ ဤသတင်းစာတို့ကို ကောက်၍ဖတ်လိုက်လျှင် အစိုးရကို ထောက်ခံသည့် သတင်းစာလည်း ရှိ၏။ အစိုးရကို ရစရာမရှိအောင် ဝေဖန်ထားသော သတင်းစာလည်းပါသည် (ကွာသလိုလိုပါပဲလားနော်)။ အပြုအားဖြင့် ဝေဖန်သူလည်း ရှိ၏၊ တမင်အပြစ်ရှာသူလည်း ရှိ၏ (ဒါကြောင့် ပြောတာ၊ အပြစ်တင်ခံနိုင်အောင် လေ့ကျင့်ထားကြပါလို့)။ သို့သော် ဤကဲ့သို့ အသံအမျိုးမျိုးထွက်သော သတင်းစာမျိုးစုံကို ဖတ်ရသည်မှာ အရသာ တမျိုး ရှိသည်ဟု မရွှေဇင်က ထင်သည်။

ပီကင်း သတင်းလွှာတွင်မူ တရုပ်ဘာသာနှင့် သတင်းစာ ၃-၄စောင် အပြင် အင်္ဂလိပ်လို Daily News Release ဆိုသော နေ့စဉ်သတင်းလွှာတစောင်ပင် ဖတ်ရလေသည် (မြန်မာ့အလင်း၊ ကြေးမုံ၊ The New Light of Myanmar ပေါ့၊ ထူးဆန်းပါဘူးနော်)

နေ့စဉ် သတင်းလွှာကလည်း အစိုးရဘာလုပ်သည်၊ ဘာကိုင်သည်ကိုဖော်ပြ၍ အစိုးရလုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်း “အားလုံးဘဲ ကောင်းပါသည်ခင်ဗျား” ဟူ၍ ရေးသားထားသော စာစောင်ဖြစ်သည် (ဒေါ်ခင်နှင်းယု ၂၁ ရာစု ဗမာပြည်ကို ရောက်ရှိသွားပုံရသည်၊ မြန်မာ့အလင်းတို့ ကြေးမုံတို့ ကြိုဖတ်မိပုံပေါ်သည်)

ဗမာအစိုးရ ပြန်ကြားရေးဋ္ဌာနမှ ထုတ်ဝေသော ပြည်ထောင်စုသား ဆံဆံပင် ဖြစ်ပေသည်။

ပီကင်းတွင် သတင်းစာဖတ်ရသည်မှာ ရင်ထဲတွင် အမှန်ပင်ဟာပေသည်။ ရန်ကုန်မှာ ဆိုလျှင်တော့ မရွှေဇင်သည် သူ၏ချစ်လှစွာသော အစိုးရကို အမြဲထောက်ခံ၍ ကောင်းပါ့၊ မှန်ပါ့ လုပ်၍ရေးသားလေ့ရှိသော အချို့သတင်းစာများကို ကြော်ငြာကြီးနှင့်တူ၍ မဖတ်ချင်ခဲ့သော် အပြင်းအထန်ဝေဖန်သော သတင်းစာများကို ရွေး၍ဖတ်နိုင်၏။

ဂန္ဓာလရာဇ် မှတ်တမ်း- စာမျက်နှာ ၆၇

1 comments:

Tuesday, January 16, 2007

အမှားများနဲ့ ကျနော်တို့တွေ

ကျနော်တင်လိုက်တဲ့ လွတ်လပ်ရေးနေ့ပို့စ်မှာ စင်ကာပူက ဗမာလမ်းနာမည်တွေနဲ့ ပတ်သက်ပြီး အမှားတွေပါသွားပါတယ်။ ရေးတုန်းကတော့ မှန်တယ်ထင်လို့ ရေးလိုက်တာပဲ။ ကြားဖူးနားဝ ရှိတာကို တခါမှလည်း မှန်မမှန် ပြန်မစစ်ခဲ့ဘူး။ စွတ်ပြီး မျက်စိမှိတ်တင်လိုက်တာ။ အမည်မရှိ တယောက်က လာပြီး အမှားလေး ထောက်ပြမှ သိတော့တယ်။ သူ့ကို ကျေးဇူးတင်ပါတယ်။ ပထမတော့ နည်းနည်းဘုသွားတယ်ပေါ့။ သူပြောတာ သေချာလို့လားပေါ့။ အသည်းအသန် ရှာရတာ။ တော်သေးတယ် နည်းပေါင်းစုံသုံးပြီးရှာမှ သွားတွေ့တာ။ လားလား….ကျနော် လူတွေကို မဟုတ်တာတွေ ပြောမိပါရော။ ခုတော့ ကျနော် သင်ခန်းစာရပြီ။ နောက်ဆို သေချာအောင် ဘာရေးရေး မှန်ရဲ့လားဆိုတာ အရင်စစ်ရတော့မယ်။ စွတ်စက်ရေးတော့ မှားသပေါ့။ ပြောတုန်းကတော့ ဗဟုသုတရစေဆိုပြီး ကိုယ်သိထားတာ ပြောတာပဲ။ စေတနာနဲ့ပေါ့။ မှားနေမှန်းလည်းသိရော ဘယ်သူမှ ကိုယ့်မမြင်ပေမယ့် နေမရ ထိုင်မရ မျက်နှာပူသဗျ။ ဒါနဲ့ပဲ ဟိုတွေး ဒီတွေးနဲ့ ဒီစာရေးဖြစ်တယ်ပေါ့။

ကျနော်တို့ဗမာတွေဟာ ကျနော့်အမြင်တော့ အတော်ကို ဝေဖန်ခံနိုင်အားနည်းတယ်။ ကျနော်လည်း ပါတယ်နော်။ ဘုသွားတာ သက်သေပေါ့။ ဒီကောင် ဘယ်လောက်သိလို့လည်းတောင် တွေးလိုက်သေး။ ငါ့လောက်ပဲ သိအုံးမလားလည်း ပါသေး။ စုံလို့ပါ။ ထားတော့။ ကျနော်တို့တတွေကလည်း တသွေး တသံ တမိန့် ဆိုတဲ့ သက်ဦးဆံပိုင် စနစ်ဆိုးကြီးအောက်မှာ ကြီးပြင်းလာသကိုး။ အုပ်ချုပ်သူလူတန်းစားကို ပြန်ဝေဖန်ခွင့် မရခဲ့သလို ဝေဖန်ရင်လည်း လက်မခံဘူးဆိုတဲ့ အကျင့်ဆိုးကြီးနဲ့ လူဖြစ်လာကြတော့ အင်း…. သူတို့အပြစ်ပဲပေါ့နော်။ ငယ်ငယ်တည်းက လွတ်လွတ်လပ်လပ် မှန်တယ်ထင်သမျှပြောခွင့်ရှိခဲ့မယ်ဆို ကိုယ်မှားတာတွေ သူများကပြောလည်း အလှည့်ကြတော့ မနွဲ့ကြစတမ်းဆိုသလို ပြုံးပြုံးလေး လက်ခံတတ်လာမယ်ထင်ပါတယ်။ ခုတော့ ဗမာတွေဟာ ဝေဖန်ပြီဆိုရင် နောင်ဂျိန်ပလေးနေကြတာပဲ တွေ့တွေ့နေရတယ်။ ဟဲဟဲ..အပြစ်ပြောတာ မဟုတ်ဘူးနော်။ ဝေဖန်တာ။ ကိုယ့်တိုင်းပြည်က မဂ္ဂဇင်းတွေမှာပဲကြည့် လူတွေက စံထား နမူနာယူရမယ့် စာရေးဆရာတွေ ကလောင်သွေးပြီးဆော်နေကြတာ။ ကောင်းတဲ့ဝေဖန်ရေးတွေရှိပေမယ့် ကိုယ့်ဆော်လို့ ပြန်ဆော်တယ်ကွာဆိုတာတွေပဲ များနေတယ်။ သြော်ဟုတ်သား။ ငါမှားသွားတယ်။ သူ့ကျေးဇူးတင်ရမယ်ဆိုတာ ကျနော်တော့ မတွေ့ဖူးဘူးလိုပဲ။ ဗိုလ်ချုပ် အပြောလေးနဲ့ ပြောရင် ဒါမျိုးတွေ ဖြစ်နေလို့ ဘယ်လိုမှ မတိုးတက်နိုင်ဘူး ပေါ့။ ဒီမိုကရေစီသာရခဲ့ရင် ကိုယ်လည်းသူများကို မှန်တယ်ထင်တာတွေ ပြောခွင့်ရှိမယ်။ သူများကလည်း ကိုယ့်ကို သူတို့ မှန်တယ်ထင်တာတွေ ပြောကြမှာပဲ။ ခုလိုသာ အပြောခံရတိုင်း နောင်ဂျိန်နေမယ်ဆို ဒီမိုကရေစီဟာ အလကားကြီးဖြစ်သွားမယ်။ ကြိုပြီး အကျင့်ကောင်းလေးတွေ မွေးကြပါဗျ။

ကျနော်ကတော့ ပြောခဲ့တဲ့အတိုင်း စစချင်း ဘုပေမယ့်လို့ ပြင်လိုက်ပါတယ်နော်။ အမည်မရှိသာ ကျနော့် အမှားကို မပြောခဲ့ရင် ကျနော်လည်း ဒီအမှားကြီး တသက်လုံးယုံသွားမယ်။ ဒီအမှားကိုပဲ လူတွေ အများကြီးကို ထပ်ပြောမိမယ်။ ကျနော့်စာကို ဖတ်ပြီး မျက်စိမှိတ်ယုံမိကြတဲ့သူတွေလည်း အမှားကြီးကို အမှန်လုပ် သူများတွေကို ထပ်ပြောမိကြမယ်။ သူတို့ရဲ့နောက်မျိုးဆက်တွေလည်း မှားကြတော့မယ်။ ကဲ….ဘယ်လောက် အန္တရာယ်ကြီးသလဲ။ ဝေဖန်ခံရတာ၊ အမှားတွေ ထောက်ပြခံရတာ ကောင်းပါတယ်။ ကျေးဇူးတင်ကြပါ။ ဒေါသရှေ့ထားမှားမပေါ့။ ဝေဖန်ကြပါ….များများဝေဖန်ကြပါ။ အားမနာတမ်း ဝေဖန်ကြပါ။ ဒီမိုကရေစီခေတ်ကြီးမှာ နေတတ်အောင် လေ့ကျင့်ကြပါ။

သြော်..အောက်က ကဗျာလေးလည်း မြည်းသွားပါအုံး။

ငါတတ် ငါတော် ၊ ငါအကျော်ဟု

ငါသော် စိတ်ထား ၊ မရှိငြားလည်း

ငါကား ငယ်ရွယ် ၊ ဥာဏ်မကြွယ်၍

အဘယ်သို့လျင် ၊ အမှားစင်အံ့

အကြင်သူတော် ၊ ပညာကျော်သည်

ချွတ်ချော်လွဲမှား ၊ ငါ့စကားကို

စိတ်ထားဖွေးဖြူ ပြင်တော်မူ။

ရှင်အဂ္ဂဉာဏ

တာရာမင်းဝေ - လရောင်ကိုပန်၍ ညဥ့်ယံ၌လည်း မွှေးမြဖြူစင်နိုင်စေ (ပထမ စာမျက်နှာ)

0 comments:

Sunday, January 14, 2007

Shame on South Africa

It was no surprise both China and Russia vetoed the resolution against Burma. After all, they are the ones who gain a lot from Burma being cast aside by the western world. China has been dumping her old military trucks, tanks, and planes into Burma for more than a decade and Russia has been supplying widely known MIG-29 fighters, Choppers, Tanks, and even helping controversial nuclear project.

But to the amazement of many governments and even its own population, South Africa also opposed the document. It is the country where Nelson Mandela was born. It was the example how the rest of the world can help change some other country’s fate. It is the symbol of how the non-violence freedom struggle can be achieved. It is the symbol of how the two deeply hated groups can sit down together and build a fully democratic country.

Yet, the democratically elected South Africa government decided not to help another country of its past. They decided to forget the fact that they were at the receiving ends of these kinds of resolutions in the past. They decided to ignore the sympathy the worlds’ people had on them when they were suffering. They decided to forget how badly they wanted the freedom.

It is a disgrace act for a country like South Africa. Mr Mandela would have been shocked to hear the news. I could say nothing but “Shame on South Africa!”

1 comments:

Friday, January 12, 2007

လွတ်မြောက်ခြင်း ဆုတောင်း

ဘာအကြောင်းကြောင့်ပဲ လွှတ်လွှတ်၊ လွတ်မြောက်လာတာ ၀မ်းသာစရာပါ။ အကိုတို့တတွေ ကျန်းမာ ချမ်းသာစွာ ရှိကြပါစေ။ လွတ်လပ်တဲ့ ဗမာပြည်ကြီးကို ပြုစုပျိုးထောင်နိုင်ကြပါစေ။

1 comments:

Tuesday, January 09, 2007

ခေါင်းစဉ်မဲ့ ကဗျာ

သိခဲ့ရတယ်

အမှန်တရား မဖြစ်ခင်

အမှားတရံမက ဖြစ်ခဲ့ကြောင်း။

နေ့စင်တွေ့နေရတယ်

အမှိုက်စတွေက

တံမျက်စည်းလှဲတဲ့ပုံကိုလေ။

ခဏခဏကြားရတယ်

ရွှေသွားနဲ့ ပေါက်ဖော်က

သူ့မှာ စားစရာမရှိကြောင်း ပြောတဲ့စကား။

အားလုံးဆုံးဖြတ်သင့်တယ်

ဖြန့်ထားတဲ့လက်ကို

ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ဖို့။

ထွန်းစန်း

၁၉၉၆ ထုတ် ရာစုသစ် မြစ်ကျဉ်း ၊၄၊ မှ။

ဆုပ်ထားတဲ့လက်တွေ ပြန်မပြန့်သွားဖို့လည်း လိုတယ်ထင်ပါတယ်။ တတ်နိုင်သလောက်တော့ ဆုပ်ထားကြပါဦးလို့။

0 comments:

Sunday, January 07, 2007

The controversial quote: “The people get the government they deserve”

Well, I don’t know who actually said this. And no one seems to be sure of the source. You can google the whole sentence and try looking for answer and get over 28000 findings. I looked through less than 50 of them and found some different interesting references.

[1]In a Democracy, the people get the government they deserve - Alexis de Tocqueville


[2]If the citizenry do not hold their officials to standards, then any government gets our of hand. So the question goes beyond taxation, and becomes how can we ever have a sound government, and the answer is by a principled populace. As has been said by Jefferson and Tocqueville, people get the government they deserve.

[3]What worries me though is the following quotation penned by Shakespeare in Julius Caesar: "Cassius suggests that the people get the government they deserve…". This can be a good thing, if (and it’s a big “if”) the people do their homework and vote based on facts, not on rumor or innuendo.

[4]In a Democracy, The People Get the Government They Deserve. - Hunter S. Thompson

So, this controversial saying was the words of either Alexis de Tocqueville or Jefferson or Shakespeare or Hunter S. Thompson. Anyway, it really doesn’t matter. You can see there are tens of thousands of people who do not agree with the saying. But, you can also see there are tens of thousands of people who agree the saying if we add the words “In a democracy” in front. I am one of the latter to be frank.

And I believe whoever said this would not have said this sentence alone. It could be part of the play, part of the novel, or part of the speech. At that time, they might specifically want to mean that specific group of people, hence; “The People”. Therefore, the saying could not be applied to general population all over the world. As a result of cutting or extracting original words, this controversy had happened.

Anyway, I wrote this simply because I want to let those who read my blog know that the saying is not complete and controversial. In addition, this is to clarify this saying is not “theory” and should not apply to general public. However, there are people who simply like this quote. There will also be many who disagree with me.

To them, I agree to disagree. After all, I believe in unity in diversity. We just have to live in harmony and be united. So, just agree to disagree.. please….

Note: Dedicated to my friends who stand on different sides of the fence regarding the matter as well as those who might be interested and those who have no time to do research. May my research help you guys at least a bit.

*Peace*

331 comments:

Friday, January 05, 2007

US Army officer seen at KNU leader's funeral










ဟုတ်ကဲ့…. ခေတ်ပြိုင်က ပုံကိုကြည့်ပြီး ဟာသလေးတွေးမိလို့ ရေးထားတာပါ။

ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့ပေါ့။

1 comments:

Thursday, January 04, 2007

မလွတ်လပ်သေးသော…လွတ်လပ်ရေးနေ့

မလွတ်လပ်သေးတဲ့ ကျနော်တို့ရဲ့ ဗမာပြည်ကြီး လွတ်လပ်ရေး ရခဲ့တာ ဘာလိုလိုနဲ့ ဒီနေ့ဆို ၅၉နှစ်တောင်ရှိပါပေါ့။ ထူးထူးဆန်းဆန်း ဘာလို့ မနက် ၄နာရီ မိနစ် ၂၀ တိတိ မှာ လွတ်လပ်ရေးပေးသလဲလို့ တွေးကြည့်ဘူးသလားဗျာ။ တိုင်းပြည်ကြီးအတွက် အကောင်းဆုံးဖြစ်အောင်ဆိုပြီး ဗေဒင်ဆရာတွေနဲ့တိုင်ပင် မနက် ၄နာရီ မိနစ် ၂၀ ကို ရွေးချယ်ခဲ့တာလို့ စာအုပ်တွေမှာ ဖတ်ဖူးပါတယ်။ ဘယ်စာအုပ်တွေလဲတော့ သေချာ မမှတ်မိတော့ပါ။ Who killed Aung San မှာ ပါတယ် ထင်ပါတယ်။ ဒါနဲ့ internet မှာရှာကြည့်တော့ ကံကောင်းစွာ ဒီကနေ တွေ့ပါတယ်။

Burma (Myanmar) became independent under his successor U Nu on Jan. 4, 1948 at 4:20 AM. (hour chosen by astrologers)

ဟုတ်ကဲ့၊ ဘာပဲပြောပြော ၁၉၆၂ အထိတော့ ဒီမိုကရေစီ စနစ်ကလေးနဲ့ နေရသေးတယ်ဆိုတော့ ဗေဒင်ဆရာတွေကိုလည်း အပြစ်ပုံချလို့ မရဘူးပေါ့လေ။ အာရှရဲ့ ဆန်အိုးကြီး ကျနော်တို့ ဖြစ်ခဲ့ဖူးတယ်။ အာရှမှာ အကြီးဆုံးလေဆိပ် (မင်္ဂလာဒုံ လေဆိပ်) ပိုင်ခဲ့ဖူးတယ်။ အာရှမှာ ဒုတိယ အကြီးဆုံး ဘူတာရုံ (ရန်ကုန်ဘူတာကြီး) ပိုင်ခဲ့ဖူးတယ်။ အာရှမှာ ထိပ်ထိပ်ကြဲ ဘောလုံးအသင်း ကျနော်တို့ ဖြစ်ခဲ့ဖူးတယ်။ ကောင်းပါတယ်…


သိပ်ဂုဏ်ယူစရာကောင်းတာလေးတခု ပြောပြအုံးမယ်။ ဒီနေ့ တိုးတက်ပြီးနိုင်ငံ ဖြစ်နေတဲ့၊ ကျနော်တို့ ဗမာတွေ သိပ်ဓာတ်ကျတဲ့ စင်ကာပူဆိုတဲ့ ကျွန်းပိစိရဲ့ ၀န်ကြီးချုပ် လီကွမ်းယူဟာ သူ့နိုင်ငံကို ဗမာပြည်လို ဖြစ်ရမယ်ဆိုတဲ့ ခံယူချက်နဲ့ ကျနော်တို့ တိုင်းပြည်ကြီးကို အားကျလို့၊ သူ့ တိုင်းပြည်သားတွေ စိတ်ထဲမှာ ဒီတိုင်းပြည်ကို အမြဲသတိရ အားကျစေဖို့ လမ်းတွေကို ဗမာနာမည်တွေ ပေးခဲ့တယ်။ (မှားနေပါတယ်။ ကို အမည်မရှိ ပြောပြမှသိတာပါ။ ဗြိတိသျှ အုပ်ချုပ်သူတွေက ၂၀ ရာစုမှာမှ ဗမာနာမည်တွေပေးခဲ့တာပါတဲ့။ ဒီဟာလေး ရှာတွေ့တာ ကံကောင်းသွားတယ်။ မှန်တယ်ထင်ပြီး ရေးမိတဲ့အတွက် ခွင့်လွှတ်ကြပါနော်။)အခုထိလည်း ဒီနာမည်တွေပါပဲ။ စင်ကာပူရောက် ဗမာတွေ သိကြမှာပါ။ ပြောရရင် Rangoon, Mandalay, Moulmein (မော်လမြိုင်), Martaban (မုတ္တမ), Ava(အင်းဝ), Pegu(ပဲခူး), Bhamo(ဗန်းမော်), Prome(ပြည်), Akyab(စစ်တွေ), Minbu, Shan, Irrawaddy Road တို့ပါပဲ။ အောက်မှာ ပုံလေးထည့်ပေးလိုက်ပါတယ်။ အမှတ်တရပေါ့။ Moulmein High(မော်လမြိုင် အထက်တန်းကျောင်း)ဆိုတဲ့ ဇာတ်လမ်းတွဲလေးတောင်ရိုက်ပြီး လွန်ခဲ့တဲ့ ၂နှစ်လောက်က ဒီမှာ စီးရီးပြသွားပါသေး။


အခုအချိန်မှာတော့ ဒါတွေဟာ ရွှေရောင်အိပ်မက်များပေါ့။ ဒီအိပ်မက်တွေ တနေ့နေ့ တချိန်ချိန် တကယ်ပြန်ဖြစ်လာရမှာပါ။ တနေ့နေ့ တော့ တကယ်လွတ်လပ်တဲ့ လွတ်လပ်ရေးနေ့ကို ဆင်နွှဲခွင့်ရရမှာပေါ့။

မားကို့စ်ကို နှုတ်ဆက်ပါတယ်။ ပိုလ်ပေါ့ကို နှုတ်ဆက်ပါတယ်။ ပီနိုချေးကို နှုတ်ဆက်ပါတယ်။ ဆက်ဒမ်ဟူစိန်ကို နှုတ်ဆက်ပါတယ်။

မလွတ်လပ်သေးတဲ့ ဗမာပြည်ကြီးအတွက် လွတ်လပ်ပါစေကြောင်း ဆုတောင်းပါတယ်။


4 comments:

Wednesday, January 03, 2007

နှစ်သစ်ဆုတောင်း

စင်ကာပူရနေပြည်တော်ရဲ့ လူတသိန်းခြောက်သောင်းကျော် တက်ရောက်တဲ့ Esplanade ရှေ့က Marina Bay Front Countdown 2007 က မီးပန်းများရဲ့ ပုံပါ။ ငယ်ငယ်က တော်လှန်ရေးနေ့တွေဆို တော်လှန်ရေးပန်းခြံနားသွားသွားပြီး မီးရှုးမီးပန်းဖောက်တာတွေ စောင့်စောင့်ကြည့်ရတာ လွမ်းမိတယ်။ ၈၈ နောက်ပိုင်း မျိုးဆက်တွေကတော့ ဒီအတွေ့အကြုံ မရှိရှာတော့ပါလေ။ လူတွေလည်း ကြိတ်ကြိတ်တိုးပေါ့။ မြေနီကုန်း ညဈေးလည်း စည်လို့ပေါ့။

စင်ကာပူမြစ်(ကျနော်တို့ အတွက်တော့ မြောင်းအကြီးကြီးပေါ့လေ)ထဲက ရာပေါင်းများစွာသော နှစ်သစ်ဆုတောင်း မီးလုံး ပူဖေါင်းများကိုတော့ အနားမကပ်နိုင်လို့ ဓာတ်ပုံမရိုက်ခဲ့နိုင်ပါ။ ခုန်ဆွခုန်ဆွ လှမ်းကြည့်တာတော့ တော်တော်လှပါတယ်။

အင်းလျားမှာ မီးပန်းတွေဖောက်နိုင်တဲ့နေ့၊ ကန်တော်ကြီးရေပြင်ထက်မှာ မီးပန်းတွေ ဖောက်နိုင်တဲ့နေ့၊ ဧရာဝတီမှာ၊ ချင်းတွင်းမှာ၊ စစ်တောင်းမှာ၊ သံလွင်မှာ၊ နှစ်သစ်ဆုတောင်း မီးပုံးလေးတွေ မျှောနိုင်တဲ့နေ့၊ အဲဒီနေ့တွေ ဗမာပြည်ကြီး မြန်မြန်ရောက်ပါစေ။

အင်းလျားမှာ မျက်ရေတွေ မဝေပါစေနဲ့တော့။ ဧရာဝတီမှာ ပြာတွေ မကြွေပါစေနဲ့တော့။

1 comments: