Friday, November 30, 2007

ဆရာတော်များသို့ ပန်ကြားလွှာ

သံဃာတော်တွေ အသက်ပေးခဲ့ကြရပြီးပြီ။ မဂ္ဂင်ကျောင်းတိုက် အပိတ်ခံရပြီ။ သာသနာတော်ဟာ စစ်ဖိနပ်အောက်မှာ အနင်းခံနေရပြီဆိုတာ ကျနော်တို့ မျက်မြင်ကိုယ်တွေ့ ကြုံနေရပြီ။

သာသနာတော်အတွက်၊ နိုင်ငံတော်အတွက်၊ လူထုအတွက် ဆရာတော်ဦးဇောတိက၊ အရှင်ဆန္ဒာဓိက၊ အရှင်ဆေကိန္ဒ တို့လို ဆရာတော်ဘုရားများ ရှေ့ထွက်ကြဖို့ လိုနေပြီ။ ဗမာပြည်သူလူထုရဲ့ အနှိုင်းမဲ့ ယုံကြည်ကိုးကွယ်ခံရတဲ့ ဒီဆရာတော်ဘုရားများ လူထုဘက်က မားမားမတ်မတ် ရပ်တည်လာမယ်ဆိုရင်၊ သံဃာ့လှုပ်ရှားမှုကြီးမှာ ပါဝင် ကံဆောင်လာမယ်ဆိုရင် တတိုင်းတပြည်လုံး အုံးအုံးကျွက်ကျွက် ၀မ်းသာပီတိဖြစ်ကြမယ်။ သာသနာတော်အတွက်၊ နိုင်ငံတော်အတွက် စိတ်နှလုံး ဒုံးဒုံးချပြီး ပါဝင်လာမယ်။ စစ်တပ်ထဲက သာသနာတော်ကို တန်ဖိုးထားနေသေးတဲ့ အချို့အချို့သော တပ်မတော်သားများလည်း အမှန်နဲ့ အမှား သေသေချာချာ စဉ်းစားနိုင်လာမယ်။ အာဏာရူးတို့ရဲ့ မှိုင်းမိနေတဲ့ တပ်မတော်သားတွေကိုလည်း ကယ်တင်နိုင်မယ်။ နိုင်ငံတော်နဲ့ သာသနာတော်ကိုလည်း ကယ်တင်နိုင်မယ်။

ဆရာတော်ဦးဇောတိက ဘုရား၊ အရှင်ဆန္ဒာဓိက ဘုရား၊ အရှင်ဆေကိန္ဒ ဘုရား

ဗုဒ္ဓဘာသာ သာသနာကို ကယ်တင်ဖို့၊ ဗမာနိုင်ငံတော်ကို ကယ်တင်ဖို့၊ ဒုက္ခရောက်နေတဲ့ ဗမာပြည်သူလူထုကို ကယ်တင်ဖို့ သံဃာ့လှုပ်ရှားမှုဟာ မှန်ကန်ကြောင်း၊ ကံဆောင်မှုတွေ ပြုသင့်ကြောင်း၊ မိန့်တော်မူလို့ ဒီလှုပ်ရှားမှုမှာ ပါဝင်ဦးဆောင်ပေးကြပါလို့ တပည့်တော် ရိုသေစွာ ပန်ကြားအပ်ပါတယ်ဘုရား။

3 comments:

Anonymous said...

Very soon this website will be famous amid all blogging
and site-building viewers, due to it's fastidious posts

my web-site :: golf range finder apps

Anonymous said...

Awesome issues here. I'm very satisfied to see your post. Thanks so much and I'm looking ahead to
contact you. Will you kindly drop me a e-mail?

Also visit my web blog - foofara.com

Anonymous said...

For latest news you have to go to see web and on the web I found
this site as a finest site for most up-to-date updates.



Here is my website: Gulf News classifieds