Thursday, November 01, 2007

ဒီလူတွေကို သပိတ်မှောက်ပါ

သန်းရွှေမြေးရဲ့ မွေးနေ့ပွဲမှာ ပလူးဖို့၊ ဖားဖို့ စောင့်နေကြတဲ့ ပြည်သူကျွေးတဲ့ ထမင်းကိုစား၊ ပြည်သူပေးတဲ့ မေတ္တာကို ခံယူပြီး၊ ပြည်သူ့ကို စော်ကားနေကြတဲ့ အနုပညာရှင်လို့ စာနယ်ဇင်းတွေမှာ နာမည်တပ်ခံရတဲ့ ဖက်ခွက်စားတွေ။

ကျနော်တို့ သူတို့ကို သင်ခန်းစာပေးဖို့ လိုပြီ။

အိန္ဒြာကျော်ဇင် ဘယ်လိုလှလှ၊ ဇော်ဝင်းထွဋ် ဘယ်လောက် အသံကောင်းကောင်း၊ စိုင်းစိုင်းကို ဘယ်လောက်ကြိုက်ကြိုက် ဒီလူတွေကို အားမပေးသင့်တော့ဘူး။ ကျနော်တို့ အားလုံး(သို့မဟုတ် တော်တော်များများ) သူတို့ အခွေတွေ မ၀ယ်မှ၊ မကြည့်မှ၊ သူတို့ ရှိုးတွေ မကြည့်မှ သူတို့ကို ထမင်းကျွေးထားတာဟာ ပြည်သူလူထုပဲ၊ နအဖ မဟုတ်ဘူးဆိုတာ နားလည်လာမယ်။ ထမင်း မငတ်ချင်ရင် လူယုတ်မာနဲ့ ပေါင်းသင်းခြင်းက ရှောင်ကြဉ်ရမယ်ဆိုတာ နားလည်လာမယ်။

ဇာဂနာလောက် မလုပ်နိုင်ရင် ကျော်သူလောက်တော့ လုပ်နိုင်ရမယ်။ ကျော်သူလောက် မလုပ်နိုင်ရင်လည်း လေးဖြူလောက်တော့ ကင်းကင်းနေနိုင်ရမယ်။

သံဃာတွေ ညီညွတ်သလို ကျနော်တို့ လူထု ညီညွတ်စွာ ဒီလူတွေကို သပိတ်မှောက်သင့်ပြီ။ ဒီသပိတ်ဟာ အဖမ်းခံရစရာ အကြောင်းမရှိသလို သေနတ်နဲ့လည်း အပစ်ခံရစရာ မရှိဘူး။ လူတိုင်း လူတိုင်း လုပ်နိုင်တဲ့ လုပ်သင့်တဲ့ အရာပါ။

ဓာတ်ပုံထဲမှ ဖက်ခွက်စားများ

ဇော်ဝင်းထွဋ်

အိန္ဒြာကျော်ဇင်

ခိုင်သင်းကြည်

ရတနာခင်

ရာဇာနေ၀င်း

ဇော်ဝင်းထွဋ်ဟာ မီမီဝင်းဖေနဲ့ အတူ သန္တာရွှေ မင်္ဂလာဆောင်တုန်းကလည်း သီချင်းဆိုခဲ့ပါသေးတယ်။

0 comments: