Thursday, November 01, 2007

ဆရာတော်ကြီးတပါး ပြောတဲ့စကား

ငါတို့ခံရတဲ့ ဒုက္ခတွေ မတရားမှုတွေဟာ ငါတို့ အတိတ်ဘ၀က လုပ်ခဲ့တဲ့ ကံတွေကြောင့်ပဲလို့ ပြောတာဟာ ကိုယ့်စိတ်ကို ကိုယ်ဖြေတဲ့စကားလား၊ ကိုယ်ဘာလုပ်ရမယ်ဆိုတာ မသိလို့ ပြောတာလား၊ ကိုယ်ယူရမယ့် တာဝန်ကို ကြောက်လို့ ပြောတာလား။

ဒီလို ပြောတာဟာ အမှန်တရားလား။

ဘာလုပ်ရမလဲဆိုတဲ့ မေးခွန်းကို မေးပြီး အဖြေကို ရှာပြီး ဒီ ဒုက္ခတွေ ပျောက်အောင်၊ ဒီ မတရားမှုတွေ ပျောက်အောင် မလုပ်ပဲ ကံကောင်းမယ့်နေ့ကို ထိုင်စောင့်နေမှာလား။

သတ္တိမရှိတဲ့စကား၊ တာဝန်မယူရဲတဲ့စကား၊ ကိုယ့်ကိုယ်ကို ကိုယ်ယုံကြည်မှု မရှိတဲ့သူရဲ့ စကား --

လောကမှာ ကောင်းတာတွေဟာ ကြောက်တတ်တဲ့ သူတွေက လုပ်ခဲ့တာတွေ မဟုတ်ဘူး။ သတ္တိရှိတဲ့ သူတွေက လုပ်ခဲ့တာတွေ။


Zaganar Livesဒီပိုစ့် မှ စာသားကို ကူးယူဖော်ပြသည်။
နိုင်ငံကျော် ဆရာတော်ကြီး၏ ကိုယ်တိုင်ရေး လက်ရေးနဲ့စာ လို့ဆိုပါတယ်။

0 comments: