Thursday, August 16, 2007

ဘ၀င်မကျတာလေး

http://yanaung.blogspot.com/2007/08/if-you-want-dropcap-image-1.html

ဒီပို့စ်ကို ကျနော် နည်းနည်းမှ ဘ၀င်မကျဘူး။ ပြဿနာ သက်သက်ရှာသလို ဖြစ်မှာစိုးလို့ ဘာမှ မပြောတော့ပါဘူးလို့ စဉ်းစားထားပေမယ့် ကြာလေ နေမရလေ ဖြစ်နေတယ်။ အဲဒီတော့ လူမုန်းခံပြီး နည်းနည်းတော့ ပြောတော့မယ်လို့။

ကျွန်တော်တို့အားလုံး ခုတင်အောက်မှာ အိပ်နေတာပါ. ခုတင်အောက်ထဲမှာ အမေက ဂုန်နီအိတ်တွေ ခင်းပေးပြီး ခေါင်းအုံးလေးတွေ ထည့်ပေးထားပါတယ်. ခုတင်ပေါ်မှာ အိပ်ရင် ကျည်ဆန်မှန်မှာ စိုးလို့တဲ့…

စစချင်းစာပိုဒ်ဟာ ရုတ်တရက် အပြစ်ကင်းသလိုထင်ရပေမယ့် ၈၈ ကို ရေရေရာရာ မသိတဲ့လူတွေအတွက်တော့ ၈၈ အခြေအနေဟာ ကိုယ့်အိမ်မှာတောင်ကိုယ် ရဲရဲ မအိပ်ရဲလောက်အောင် ဆိုးနေပါလား ဆိုတဲ့ message ပါနေတယ်။ အဲဒီတော့ တပ်မတော်က ထိန်းသိမ်းလိုက်လည်း မမှားပါဘူးလို့တွေးမိကောင်းတွေးမိနိုင်တယ်လေ။

ကျွန်တော်တို့ နေတဲ့ တိုက်ရဲ့နောက်ဖက်က ၃၁ လမ်းပါ. အဲဒီ့နောက်ကနေ ဂျင်ကလိ ပစ်သံတွေ တရွှီးရွှီးနဲ့ ညတိုင်း ကြားရပါတယ်. ကျွန်တော်တို့ အိမ်ရှေ့က မြို့တော်ခန်းမကြီးလေ…

ဒီစာပိုဒ်ဟာ ပြည်သူလူထုက မြို့တော်ခန်းမကို သက်သက်မဲ့ ဂျင်ကလိများနဲ့ ညတိုင်းပစ်နေတယ် ဆိုတဲ့ message ပေးနေတယ်။ အဲဒီတော့ စစ်တပ်ဟာ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ ပြန်ပစ်ရင် မမှားဘူးဆိုတဲ့ အတွေးလေး ၀င်သွားစေတယ်။ ကျနော် ၃၁လမ်းမှာ မနေခဲ့လို့ မငြင်းနိုင်ပါ။ သို့သော် ဂျင်ကလိနဲ့သာ ညတိုင်းတကယ်ပစ်ခဲ့ရင် သတင်းမှာ သတင်းစာမှာ ပါရမှာပေါ့။ မကြားဘူးပါ။ မတွေ့ဘူးပါ။ တကယ်ပစ်ရင်ကော ၃၁လမ်း ဘယ်နားကနေ မြို့တော်ခန်းမထိရောက်အောင် ပစ်မှာလဲ။ လူနေတိုက်တန်းကို ကျော်ပြီးပစ်ရမှာနော်။ ဘယ်လိုနည်းနဲ့မှ ဘယ်ဂျင်ဂလိမှ ရောက်စရာ မရှိဘူး။ ဒါကြောင့် ဒီစာပိုဒ်ကို ကျနော် မယုံကြည်ပါ။

အဖေက ပြောခဲ့ဖူးတာ မှတ်မိနေပါတယ်. ပြီးတော့ သူတို့က ကရင်စစ်တပ်တွေတဲ့. ဗမာစစ်သားဆိုရင် ကျောင်းသားတွေကို မပစ်ရက်မှာစိုးလို့ ကရင်တပ်တွေ၊ ချင်းတပ်တွေကို ရန်ကုန်ကိုခေါ်ထားတာတဲ့.

ဒီစာပိုဒ်ကတော့ သိပ်ကိုဆိုးတဲ့ လူမျိုးရေးမုန်းတီးမှုဖြစ်စေတဲ့ message ပါနေတယ်။ ကရင်တပ်တို့၊ ချင်းတပ်တို့ ဆိုတာ မြန်မာပြည်စစ်တပ်မှာ မရှိပါ။ မောင်နေ၀င်းက လွတ်လပ်ရေး ရပြီးကာစ ကလို လူမျိုးစုတပ်တွေ ပုန်ကန်မှာ စိုးလို့ ဖွဲ့ကို မဖွဲ့ထားပါ။ စစ်တပ်ထဲမှာ အမှုထမ်းနေတဲ့ တိုင်းရင်းသားတွေပဲ အနည်းအကျဉ်း ရှိပါတယ်။ တကယ်တမ်း ပစ်ခဲ့တဲ့ စစ်သားတွေဟာ ဘယ်ဓာတ်ပုံမှာ၊ ဘယ်မှတ်တမ်း ဗီဒီယိုမှာ ကြည့်ကြည့် ဗမာစစ်သားတွေပါ။ ပစ်တုန်းခတ်တုန်း ဆဲသံ ဆိုသံတွေကလည်း ဗမာသံတွေပါပဲ။ ယောင်ယမ်းပြီးတော့ တိုင်းရင်းသားတွေကို မမုန်းပါစေနဲ့။

ကျောင်းသားကျောင်းသူများ ခင်ဗျာ. လူစုခွဲဖို့ သတိပေးပါတယ်. မခွဲရင် ပစ်ပါမယ်.
အဲဒီ့စကားကို အချိန်ခြားပြီး ကြေငြာပါတယ်. ကြေငြာသူကတော့ ဘယ်သူလို့များ ထင်ပါသလဲ..
သာသနာရေးဝန်ကြီးအဖြစ် နောက်ပိုင်းမှာ ခန့်အပ်ခံခဲ့ရသူ ဗိုလ်ချုပ်မျိုးညွှန့်ပါပဲ.

ကျနော့်ဘ၀မှာ ကျနော်ဖြတ်သန်းခဲ့ရတဲ့ ၈၈မှာ စစ်တပ်ဟာ ဘယ်တုန်းကမှ ပစ်ပါမယ်လို့ warning မပေးဘူးပါ။ ဒီစာပိုဒ်ကို ဖတ်ရင် ပစ်မယ်လို့ သတိပေးတယ်ဆိုတော့ သတိပေးစကား နားမထောင်လို့ အပစ်ခံရသလိုဖြစ်နေတယ်။ ၈၈၈၈ လူသတ်ပွဲမှာ မြို့တော်ခန်းမရှေ့ကနေ မသေပဲ လွတ်လာသူတွေရှိပါတယ်။ ဘယ်သူကမှ မပစ်ခင် ဒီလို သတိပေးကြောင်း မပြောဘူးပါ။ ဒီသတိပေးစကားကို ဗိုလ်ချုပ်မျိုးညွန့်က ပြောတယ်တဲ့။ ဒီဟာလည်း အသစ်ပါပဲလား။ ဘယ်လိုလုပ်သိတာလဲ မေးစရာဖြစ်နေတယ်။ န၀တ က အငြိမ်းစားပေးလိုက်ပြီးလို့ ၈၈၈၈ပွဲကို ဗိုလ်ချုပ်မျိုးညွန့် တရားခံလုပ်တာလား။ ခုလက်ရှိခေါင်းဆောင်တွေ အမိန့်ပေးတာ မဟုတ်ဘူးဆိုတဲ့ သဘောရောက်နေပါရောလား။

သူ့ကြေငြာချက်ဆုံးသွားတိုင်း ကျောင်းသားထုဆီက ဟေးခနဲ ပြောင်လှောင်ကြပါတယ်.
နောက်ဆုံးအကြိမ်ကြေငြာပါတယ်.
`ဒါနောက်ဆုံးသတိပေးကြေငြာခြင်းပါ… ၃ မိနစ်အတွင်း လူစုခွဲပါ. မခွဲရင် ပစ်ပါမယ်..´
သပိတ်မှောက်ကျောင်းသားတွေနဲ့ ပြည်သူတွေက မမှုပါဘူး. တို့အရေးအသံတွေက ပိုလို့တောင် ဆူညံလာပါသေးတယ်.

ဒါလည်း အပေါ်အပိုဒ်နဲ့ တူတူပါ။ သတိပေးစကားကို လှောင်တယ်ဆိုတော့ ပစ်မယ့် စစ်သားတွေကို သွားရန်စ သလို ဖြစ်နေတယ်လို့ message ပါပြန်တယ်။ ခဏခဏ သတိပေးတာကို မလိုက်နာလို့ အမိန့်အတိုင်း ပစ်တယ်လို့ ထင်စေတယ်။

ရှိသမျှမီးသတ်ကားတွေနဲ့ အခေါက်ပေါင်းများစွာ ရေသွားဆေးပေးရတယ်.
အလောင်းတွေကို သယ်တာဘာနဲ့သယ်တယ်ထင်လဲ…
စစ်ကားကြီးတွေပေါ်ကို ဒီတိုင်းပစ်တင်တာပါ…

နောက်ရက်တွေမှာ ရန်ကုန်မြို့လယ်ခေါင်ကြီးမှာ အပုပ်နံ့တွေကိုလှိုင်လို့
မြို့တော်ခန်းမနဲ့ မဟာဗန္ဓုလပန်းခြံကြားထဲမှာလည်း သွေးကွက်ရာကြီးတွေ ထင်းလို့..
ဖိနပ်တွေ၊ အကျီင်္စုတ်တွေ၊ ထမင်းထုတ်တွေ၊ အလံလို့ယူဆရတဲ့ တိုင်ချောင်းတွေ….
အနိဋ္ဌာရုံမြင်ကွင်းပါပဲဗျာ..

ဒီ၂ပိုဒ်ကတော့ ပြဿနာသိပ်မရှိပါဘူး။ ရှေ့ နောက် စကား မညီတာလေးပါ။ မီးသတ်ကားတွေနဲ့ အခေါက်ပေါင်းများစွာ ရေဆေးတယ်လဲဆိုရဲ့ နောက်ရက် အပုပ်နံ့တွေလည်း လှိုင်သတဲ့။ သွေးကွက်တွေလည်း ထင်းသတဲ့။ ဖိနပ်တွေ၊ အကျီင်္စုတ်တွေ၊ ထမင်းထုတ်တွေ၊ အလံလို့ယူဆရတဲ့ တိုင်ချောင်းတွေ တွေ့သတဲ့။ ဒီလို ရှေ့နောက် မညီတော့ ဒီ ပိုစ့်တခုလုံးဟာ ၀တ္ထုတခုရေးသလို မဖြစ်နေဘူးလား။

၈၈၈၈ ကို ဂုဏ်ပြုထားသလိုလိုနဲ့ ပေးချင်တဲ့ message တွေ ထည့်ထားသလိုဖြစ်နေသလားလို့ပါ။ မသိတဲ့လူတွေ၊ မျိုးဆက်သစ်တွေ အမြင် မမှားစေချင်ဘူး။ကိုရန်အောင် တနေရာက ကူးထားတာဆိုရင် ပြန်စဉ်းစားစေချင်ပါတယ်။

7 comments:

WanderFish said...

I agree about some of your different opinions, appreciate for your courage of saying.

Yan said...

ခုလိုမျိုး ဘ၀င်မကျတာလေးကို မကျသလို ပြန်ပြီး ဝေဖန်ထောက်ပြပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ.

ကျွန်တော်ကိုယ်တွေ့ကြုံခဲ့ရတာကိုပဲ အပိုအလိုမရှိရေးထားပါတယ်. တကယ်လည်း အဲဒီ့လိုပဲ ကုတင်အောက်မှာ အိပ်ခဲ့ရပါတယ်. လူတိုင်း အိပ်မအိပ် ကျွန်တော်မသိပါဘူး. ဒါပေမယ့် ကျွန်တော်တို့ အိပ်ခဲ့ရပါတယ်. နောက်ဖေးကနေ တိုက်တန်းလျားကို ကျော်ပြီး ပစ်လို့မရပါဘူး. ဒါပေမယ့် ပစ်ပါတယ်. ကျည်ဆန်သံတွေလည်း တရွှီးရွှီးနဲ့ပါ.

လူစုခွဲဖို့ကြေငြာတာကို ပြန်လှောင်တယ်ဆိုတဲ့ သဘောပါသွားရင်တော့ ကျွန်တော်မပြောတတ်ပါဘူး. မီးသတ်ကားတွေနဲ့ ဆေးသလို အပုပ်နံ့လှိုင်တာကလည်း လှိုင်တာပါပဲ.

ကျွန်တော်လုပ်ပေးနိုင်တာ နှစ်ခု ရှိပါတယ်.

၁. အားလုံးပြေလည်အောင် ပြန်ပြင်ရေးပေးဖို့
၂. ပို့စ်ကို ဖြုတ်ပစ်ဖို့

၁. ကတော့ မဖြစ်နိုင်ပါဘူး. ကျွန်တော်လူကြိုက်များအောင် မရေးတတ်ပါဘူး. ဘ၀င်ကျအောင်လည်း စကားလုံးတွေကို သတိထားမရေးတတ်ပါဘူး. အဲဒီ့တုန်းက ဖြစ်ရပ်ကို အဲလိုပဲ ပြန်ရေးပေးပါတယ်. ဒါဟာ ၀တ္ထုလည်း မဟုတ်ပါဘူး. ဖြစ်ရပ်မှန်ပါ. လူမျိုးရေးမုန်းတီးမှုလည်း ကျွန်တော့်မှာ မရှိပါဘူး. ကျွန်တော်တင်ပြသွားတာက စစ်အာဏာရှင်တွေရဲ့ လူမျိုးစုအချင်းချင်းကြား လေးစားမှု မရှိပုံကို ပြောသွားတာပါ.

ဘာပဲဖြစ်ဖြစ်ပါလေ. အကြောင်းမဲ့ရန်တွေ့တတ်တဲ့ ကော်မန့်တွေနဲ့စာရင် အခုလို ပညာသားပါပါနဲ့ ဆွေးနွေးထားတဲ့ အစ်ကို့ရဲ့ သဘောထားကို ကျွန်တော်လေးစားပါတယ်.

ကျွန်တော်လည်း ပို့စ်တွေ အများကြီးရေးခဲ့ပြီးပါပြီ. ကျွန်တော်ဘယ်လိုလူဆိုတာကို အလုပ်နဲ့ပဲ သက်သေပြပါတယ်. အစ်ကိုမကြိုက်ရင် ကျွန်တော့်ပို့စ်ကို ပြန်ဖြုတ်ပေးပါမယ်ခင်ဗျာ…

ခင်မင်လေးစားလျက်

ရန်အောင်

Ka Daung Nyin Thar said...

တွေ့ဆုံဆွေးနွေးညှိနှိုင်းကြမယ်နော်.. ဟုတ်လား
ကိုရန်ကို ကိုဂျန်ဆီ ခေါ်လာခဲ့ဘီ.. ဟဲဟဲ

ကိုရန်ကတော့ သဘောရိုးနဲ့ ရေးပုံရပါတယ် ကိုဂျန်ရေ..ကျနော် မှတ်မိသလောက်ကတော့ ကျနော့်အမေကလဲ အဲတုန်းက ကျနော့်ကို သေနတ်မှန်မှာစိုးလို့ အိမ်ပေါ်မတက်ခိုင်းဘူးဗျ.. သမိုင်း မှန်မမှန် အဲတုန်းက မြို့တော်ခန်းမနားမှာ နေတဲ့သူတွေကို မေးကြည့်မှ သိမယ်ထင်တယ်ဗျ။

generation96 said...

ကိုရန်အောင်၊ မောင်ဒေါင်း..
ကိုရန်အောင် ပိုစ့်တွေ အများကြီးရေးပြီး ဘလော့ဂါတွေကို အများကြီးကူညီထားတယ်ဆိုတာ ကျနော်သိပါတယ်။ အဲဒီအတွက် လေးစားပါတယ်။
ကျနော်မြင်တာ၊ ဖြစ်သင့်တယ် ထင်တာ ပြောပြီးပါပြီ။ ပိုစ့်ကို ဖြုတ်တာ မဖြုတ်တာ ကိုရန်အောင့် ကိုယ်ပိုင်လွတ်လပ်ခွင့်ပါ။ ဒီပိုစ့်ကို ဖတ်ပြီးရင် ဒီဟာတွေတော့ စဉ်းစားသင့်တယ်ဆိုတာ ကျနော့် အမြင်ပါ။ လက်ခံမှု၊ လက်မခံမှုက စာဖတ်သူနဲ့ ဆိုင်ပါတယ်။

ကိုရန်အောင့် ရှင်းလင်းချက်အတွက် ကျေးဇူးတင်ပါတယ်။ သို့သော် ကျနော် လက်မခံပါဘူး။ ကျနော့်အတွက် လက်ခံနိုင်လောက်တဲ့ အဖြေတွေ မပါပါဘူး။ လွတ်လပ်စွာ သဘော ကွဲလွဲကြတာပေါ့ဗျာ။

Anonymous said...

ကိုရန်အောင်က သဘောရိုးနဲ့ ရေးတယ်ထင်ပါတယ်။ စာဖတ်ကောင်းအောင်၊ ရသ ပါအောင်တော့ နည်းနည်း ပြောင်းရေးချင်ရေးပါလိမ့်မယ်။ နောက် ကိုဂျန်၉၆ ရဲ့  ထင်မြင့်မှု က နည်းနည်း ပိုစိုးရိမ်နေလားလို့ .. ။ ဥပမာ (တကယ်ဖြစ်ခဲ့တယ်ဆိုရင်) စစ်တပ်ရဲ့ သတိပေးစကားကို ကျောင်းသားတွေပြန်အော်တာ.. လှောင်တာပါပဲ.. ဘာဖြစ်ရဦးမှာလည်း.. မထီဘူးဆိုတဲ့သဘောပါ။

"သတိပေးစကားကို လှောင်တယ်ဆိုတော့ ပစ်မယ့် စစ်သားတွေကို သွားရန်စ သလို ဖြစ်နေတယ်လို့ message ပါပြန်တယ်။"

ဆိုတဲ့.. ယူဆချက်က မဆိုင်တာကို ဆွဲတွေးမိသွားသလိုပဲ။ ရန်စတာမဟုတ်ဘူး.. ဒါပေမယ်.. ထီမထင်တာ.. လှောင်တာတော့ အမှန်ပဲဖြစ်လိမ့်မယ်။ အဲဒါမလုပ်လည်း ပစ်မှာပါပဲ.. အထက်က အမိန့် နဲ့ လာခဲတာမလား။

ဂျင်ကလိပစ်ခြင်းစတဲ့ အပေါ်စာပိုဒ်တွေကတော့.. ဖတ်ကောင်းအောင် နည်းနည်း ပါလိမ့်ပါမယ်။

"ကျောင်းသားကျောင်းသူများ ခင်ဗျာ. လူစုခွဲဖို့ သတိပေးပါတယ်. မခွဲရင် ပစ်ပါမယ်.
အဲဒီ့စကားကို အချိန်ခြားပြီး ကြေငြာပါတယ်. ကြေငြာသူကတော့ ဘယ်သူလို့များ ထင်ပါသလဲ..
သာသနာရေးဝန်ကြီးအဖြစ် နောက်ပိုင်းမှာ ခန့်အပ်ခံခဲ့ရသူ ဗိုလ်ချုပ်မျိုးညွှန့်ပါပဲ."

ဒီစာကားကို ကိုဂျန်၉၆ စဉ်းစားတာကို သဘောကျတယ်။ကိုရန်အောင်အနေနဲ့ ရိုးရိုးရေးတာဖြစ်နိုင်ပေမယ့် ဖတ်တဲ့ လူတွေ က ကိုဂျန်၉၆ ပြောသလို့  ထင်မြင်သွားနိုင်တဲ့ အရေးအသားပါ။ (ကိုရန်အောင်က ဗိုလ်ချုပ်မျိုးညွှန့် လို့ ဆိုချင်တာဟာ နောင် န၀တ စစ်ဗိုလ်ကြီးဖြစ်လာတဲ့လူက ဒီလို အော်ခဲ့တယ်ဆိုတဲ့ ရည်းညွန်းချက်ကိုပေးချင်တာလည်း ဖြစ်နိုင်ပါတယ်)

ကွန်မန့် ထဲ က ကိုရန်အောင်ရဲ့ 

"ကျွန်တော်ကိုယ်တွေ့ကြုံခဲ့ရတာကိုပဲ အပိုအလိုမရှိရေးထားပါတယ်." ကိုတော့ မယုံပါဘူး။

"ကျွန်တော်လူကြိုက်များအောင် မရေးတတ်ပါဘူး. ဘ၀င်ကျအောင်လည်း စကားလုံးတွေကို သတိထားမရေးတတ်ပါဘူး."

ဒါကတော့.. မဖြစ်သင့်ပါဘူး.. မှန်တယ်ဆိုရင်( မှန်တယ်လို့ လက်ခံရင်) သတိထားရပါမယ်။ မထားတက်ဘူး. .မရေးတက်ဘူးလို့ ကိုရန်အောင်လို လူမျိုးက မပြောသင့်ပါ။

ကိုဂျန်၉၆ရဲ့ 
"ကိုရန်အောင် တနေရာက ကူးထားတာဆိုရင် ပြန်စဉ်းစားစေချင်ပါတယ်။"
ဆိုတာက.. အင်း.. (ရိုးရိုးသားသားပြောတယ်ဆိုရင်တောင်) စဉ်းစားကြည့်စေချင်ပါတယ်။


coolGeneration

Anonymous said...

I disagree and I think you have gone too far critisizing that guy.
First of all, in 8888 no one except
the armed forces have guns and bullets only came out of gunes. So his claim was not excessive at all. Afterall, I have seen a 10 years old kid in lower Pazondaung township who was hit by a stray bullet bounced back after hitting the Nylon coated road, that kid was sleeping inside his room, on his bed and he was hit by a bullet shot from the soldiers of his own country. Had the army officers commanded according to the rules of engagement, then they have to use loud speakers, warning shoots above the crowd, then sharp shooting the leaders but apparently our own soldiers were ordered to shoot that way, a strayed bullet and a broken dream.
So that was a fact. If you visited Rangoon Hospital then you might seen yourself that there are more and more corpses; some drawned, some cut down by bullets and those dead bodies came on the trawlers of jeeps. I saw it with own eyes.

31st street, Jin Ga Li attacks to city hall, that could be true too.
I was a straight laced, teacher fearing, easy going, grade A+ student, but during that time, we guard our places and we are armed with sticks and Jin Ga Lis. On the 8th August 1988 evening, there were truck loads of soliders from Light Infantry Division 22 based in Tha Htone and I even talked to one captain. Until that day, we had put high hopes on our soldiers and officers but they shot at us, upon their orders, that could be true that the soldiers from Navy were replaced because they may not shoot protesters. But you are right that there is not pure ethnic battalions or regiments (old battalions) as all become mixed and mingled. So I think that chap was right. Again, even if there were Chin soldiers who shot Burman protesters, we Burmese will never blame on Chin or any other ethnic betherens as as soldiers they are there to obey order. It is officers who has to have brains where to shoot and whom to shoot. While top officers, i.e. generals are using the army as if they inherit from their step father, that is the root cause. My parents told me that Chin solders might have do shoting in U Thant uprising but I never lost inspiration for Chin soldiers. If a soldier think twice to shoot when the order come then it is not a well trained soldier anymore, but officers must have brains, they have to think and they have to know what to fight and where to point the guns.

Anonymous said...

I disagree and I think you have gone too far critisizing that guy.
First of all, in 8888 no one except
the armed forces have guns and bullets only came out of gunes. So his claim was not excessive at all. Afterall, I have seen a 10 years old kid in lower Pazondaung township who was hit by a strayed bullet bounced back after hitting the Nylon coated road, that kid was sleeping inside his room, on his bed and he was hit by a bullet shot from the soldiers of his own country. Had the army officers commanded according to the rules of engagement, then they have to use loud speakers, warning shoots above the crowd, then sharp shooting the leaders but apparently our own soldiers were not ordered to shoot that way, they might have fire at will and a strayed bullet and a broken dream.
So that was a fact. If you visited Rangoon Hospital then you might seen yourself that there are more and more corpses; some drowned, some cut down by bullets and those dead bodies came on the trawlers of jeeps. I saw it with my own eyes.

About 31st street, JinGaLi attacks to city hall, that could be true too.
I was a straight laced, easy going, grade A+ student, but during that time, we guarded our neighbourhoods armed with sticks and JinGaLis. On the 8th August 1988 evening, there were truck loads of soliders from Light Infantry Division 22 based in Tha Htone and I even talked to one captain. Until that day, we put high hopes on our soldiers and officers but they shot at us, upon their superiors' orders, that could be true that soldiers from Navy were replaced because they may not shoot protesters. But you are right that there is no single ethnic battalions or regiments (old formation of battalions) as all become mixed and mingled. So I think that chap was right. Again, even if there were Chin soldiers who shot Burman protesters, we Burmese will never blame on Chin or any other ethnic betherens as as soldiers they are there to obey order. It is officers who has to have brains where to shoot and whom to shoot. While top officers, i.e. generals are using the army as if they inherit from their step father, that is the root cause. My parents told me that Chin solders might have do shoting in U Thant uprising but I never lost inspiration for Chin soldiers. If a soldier thinks twice to shoot when the order come then it is not a well trained soldier anymore, but officers must have brains, they have to think and they have to know what to fight and where to point the guns.