လူငယ်တွေကို မုသားပြောတာ မှားတယ်။
မုသားကို မှန်ပါတယ်လို့ သက်သေပြနေတာလဲ မှားတယ်။
ကောင်းကင်မှာ ဖုရားသခင် စံနေတယ်၊
ကမ္ဘာလောက အေးချမ်းပေတယ်လို့ သူတို့ကိုပြောတာ မှားတယ်။
ခင်ဗျားတို့ ဘာဆိုလိုတယ်ဆိုတာ လူငယ်တွေက သိတယ်။
လူငယ်တွေဟာ ပြည်သူတွေပဲ။
အခက်အခဲတွေ မရေမတွက်နိုင်အောင် ရှိနေတယ်ဆိုတာ
သူတို့ကို ပြောပြပါ၊
နောင်ဘာဖြစ်မယ်ဆိုတာသာ သိမြင်ခွင့် မပြုလိုပါနဲ့၊
ဒီပစ္စက္ခခေတ်ကိုလဲ ရှင်းရှင်းလင်းလင်း မြင်ကြပါစေ။
အနှောင့်အယှက်တွေ ရင်ဆိုင်စရာ ရှိနေတယ် ပြောပြပါ၊
ဝမ်းနည်းစရာ ကြုံရတယ်၊ ခက်ခဲစရာ ဖြစ်နေတယ် ပြောပြပါ။
အကျိုးနဲပါပဲ။ ပျော်ရွှင်ချမ်းသာရဲ့ တန်ဖိုးဟာ
မပျော်ပေဖူးလို့ ဘယ်သူသိလိမ့်မလဲ။
ကိုယ်သိမြင်လာတဲ့ အမှားကို ခွင့်မလွှတ်လေနဲ့၊
ထပ်ကြော့နေဦးမယ်၊ တိုးပွားနေဦးမယ်၊
နောင်သောအခါများမှာ ငါတို့တပည့်များဟာ
ငါတို့ ခွင့်လွှတ်ခဲ့တာကို ငါတို့မှာ ခွင့်လွှတ်ကြမယ် မဟုတ်ပေဖူး။
ယက်ဖတူရှင်ကို၏ ကဗျာ
(မောင်သာနိုး ၏ ထင်ရူးပင်ရိပ်မှ)
ညွှန်းပေးတဲ့ သူငယ်ချင်းကို ကျေးဇူးတင်ပါသည်။
2 comments:
ဒီကဗျာလေးကို ကြိုက်တယ်အကို :)
လင်းလက်.. တွေ့တွေ့ချင်း ကြိုက်လို့တင်လိုက်တာ။ ရှင်းပြစရာကို မလိုတဲ့ကဗျာနော်။
Post a Comment