Tuesday, June 12, 2007

အိုဘယ့် ၀န်ကြီးချုပ်

ကဲကဲ..အချင်းတို့ စကားမများကြလင့်။ ၀န်ကြီးချုပ်ကို ရှု၊ သင်ခန်းစာကို ယူ။

ဝန်ကြီးချုပ်ဟူသည် နှယ်နှယ်ရရ ရာထူးမဟုတ်။

ထို့ကြောင့် အကြင်သူသည် စာပေ၊ ကျမ်းဂန် နှံ့စပ်ရာ၏။

ပညာ ဗဟုသုတ ရှာမှီးရာ၏။

ဝေးမြေရပ်ခြား လှည့်လည်ပတ်ရောက် ကျောက်စာအများ လေ့လာရာ၏။

ရှုလော့၊ ဤသူကို နမူနာယူလော့။


သင်တို့ကား ၀န်ကြီးချုပ်မဟုတ်မူ၍ ကံကောင်းကုန်၏။

သာဓု၊ သာဓု ခေါ်ကြကုန်။


(Thanks md@cupid for the photo scan)


blog ဖတ် ပရိတ်သတ်က ဒါကြီးဖတ်ပြီး ဘာကြီးလဲ ဆိုကြတယ်။ ဓာတ်ပုံကို အကြီးချဲ့ မကြည့်ဖြစ်ကြတော့ blog ရေးသူ ကျနော်ကပဲ ကျောက်စာပေါ်က စာကို ရေးပေးလိုက်ပါတယ်။

“အန္တရာယ်ကင်းဘုရား

ပြည်ထောင်စုမြန်မာနိုင်ငံတော်

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဇနီးဒေါ်ကြိုင်ကြိုင်

သမီးဒေါ်သန္တာရွှေ

နှင့်မိသားစုကောင်းမှု”

ကဲ..ဒါပါပဲ။ ဒါကြီးကိုလေ့လာချင်ရင် တရုတ်ပြည်သွား လေ့လာပါ။


0 comments: