Tuesday, May 29, 2007

မြင့်မြတ်သူတွေရင်ဆိုင်ခဲ့ရတဲ့ ယုတ်ညံ့မှုများ

ကျနုပ် လွန်စွာ ဒေါသထွက်နေသည်။ ထို့ကြောင့် ဤပို့စ်တွင်ပါသော စကားလုံးများ ကြမ်းတမ်းလိမ့်မည်။

အဆင့်အတန်းမရှိသူ၊ မိုက်ရိုင်းသူ၊ အောက်တန်းကျသူ၊ ကျက်သရေယုတ်သူတို့ရဲ့မျက်နှာတွေ မြင်ဖူးချင်ရင် တွေ့ဖူးတယ်ရှိအောင် ပြလိုက်ပါတယ်။ အောက်မှာကြည့်ပါ။

ဒီလူယုတ်မာတွေရဲ့ ပက်စက်တဲ့ အကြံအစည်တွေ၊ ဒီပဲယင်းလို ထပ် သတ်ဖို့ကြံစည်တာတွေ အကြောင်းလည်းဖတ်ပါ။

ရွှေတိဂုံကို အသွား (တကယ့်)ပြည်သူလူထု

အားမန်အပြည့်နဲ့ မိန့်ခွန်းပြောနေတဲ့ ကိုမင်းကိုနိုင်

ကိုမင်းကိုနိုင်ရဲ့ မိန့်ခွန်းကို ခေတ်ပြိုင်ကနေ နားထောင်နိုင်ပါတယ်။ ဘေးနားမှာ ကျနော်တင်ထားတဲ့ stickam မှာလည်း နားထောင်နိုင်ပါတယ်။

ရဲရဲတောက်တဲ့ (ကို)ကိုကိုကြီး

ပြည်သူတွေရဲ့ ရှေ့ဆုံးမှာ အမြဲရှိနေတဲ့ ကျနော်တို့ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ခေါင်းဆောင်တွေ။

လူထုရဲ့ ရင်ထဲကဆန္ဒ

ဒီလို ဆုတောင်းခဲ့ကြတယ်။

ပုံတွေ သတင်းတွေကို ဧရာဝတီမှာ၊ ခေတ်ပြိုင်မှာ၊ DVBမှာ ကြည့်နိုင်ပါတယ်။

ကိုမင်းကိုနိုင်တိုင်ပေးတဲ့ သစ္စာကို ရန်ကုန်မှာ မရှိတဲ့ကျနော် လိုက်မဆိုနိုင်လိုက်လို့ ဒီနေရာကနေ မျက်ရည်ဝဲစွာနဲ့ လှိုက်လှိုက်လှဲလှဲ လိုက်ဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ကြားပါစေသား၊ သိပါစေသား။

အများအတွက်၊ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်၍၊ အနစ်နာခံ၍ နိုင်ငံရေးလုပ်ရင်း မိမိယုံကြည်ချက်အတွက် အကျဉ်းထောင်များ၌၊ နေအိမ်များ၌ မတရားဖမ်းဆီးခံနေရသော သူရဲကောင်းအပေါင်းအား ငါတို့ပြည်သူလူထုကြီးက ဦးညွှတ်လိုက်ပါတယ်။ သင်တို့ရဲ့ စွန့်လွှတ်မှုများကို ငါတို့ အတုယူရင်း သင်တို့ရဲ့ လုပ်ဆောင်မှုများအတိုင်း ငါတို့လည်း ပေးဆပ်ဖို့ အဆင်သင့်ရှိနေပါပြီ။ မြင့်မြတ်တဲ့ တော်လှန်ရေးရဲဘော်အပေါင်းတို့ တို့တိုင်းတို့ပြည် ဒီမိုကရေစီရှိမှ၊ လူ့အခွင့်အရေးရမှ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာမြင့်မားသော လူမျိုးနဲ့ တိုင်းပြည်အဖြစ် ရပ်တည်နိုင်မှာမို့ ဒီမိုကရေစီရသည်အထိ ငါတို့အားလုံး မဆုတ်မနစ် ဇွဲမလျှော့ဘဲ သတ္တိမွေး၍ သင်တို့ထုံးကို နှလုံးမူကာ ဆက်လက်၍ အရေးတော်ပုံကြီးကို ဆင်နွှဲသွားမည်ဖြစ်ကြောင်း ငါတို့ပြည်သူလူထုကြီးက အကျဉ်းကျခံရဲဘော်အပေါင်းအား ဤရွှေတိဂုံခြေတော်ရင်းမှာ အခိုင်အမာ သစ္စာဆိုပါတယ်။




3 comments:

Thiha Kyaw Zaw said...

အင်းဗျ....။ ခေါင်းဆောင် အစစ် ဆိုတာ တကယ့် အရေးကြရင် သူများတွေကို ဟိုလိုလုပ်ပါ၊ ဒီလိုလုပ်ပါလို့  မညွှန်ကြားဘူး။ ကိုယ်ကိုတိုင်က ရှေ့ က ဦးဆောင်ပြီး လုပ်ပြ လေ့ရှိတယ်......

Anonymous said...

ကိုသီဟကျော်ဇောရဲ့ ကော်မန့်ကို အထိုက်အလျောက် လက်ခံပါတယ်။
ဒါပေမဲ့ နေရာတကာတိုင်းတော့ ရှေ့ကတက်နေလို့မဖြစ်ပါဘူး။
အရည်အချင်းရှိတဲ့ ခေါင်းဆောင်ရှားပါတယ်။
သူတို့ကို ပေးသေလို့ မဖြစ်သေးပါဘူး။
ဥပမာ- ဗိုလ်ချုပ်အောင်ဆန်းကို ကြည့်ပါ။
နောက်တန်းကနေပြီး ညွှန်ကြားနေတဲ့ ခေါင်းဆောင်များကိုလဲ အထင်မသေးပါဘူး။
သူမလုပ်ရဲလို့ သူများကို တက်ခိုင်းနေတယ်လို့ ယူဆလို့မရပါဘူး။
လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တာလို့ပဲ ခံယူပါတယ်။
အရည်အချင်းရှိတဲ့ခေါင်းဆောင်တယောက်ကို သတ်မှုနဲ့ လူ၁၀၀ ကိုပြန်ပြီး ကြိုးမိန့်ပေးသတ်အုန်းတော့ အစားထိုးမရတဲ့ ဆုံးရှုံးမှုက ဖြစ်ပြီးသွားပါပြီ။

စကားမစပ် သွားချင်တဲ့ လေဘယ်လ်ကို ဘယ်လိုတိုက်ရိုက်သွားရပါသလဲ
ဘလော့ဘ်ကာကြီးဖြေပေးပါဦး။

generation96 said...

ကိုလူသစ်ရေ….
ကျနော် မတွေ့မိလို့ စောစော မဖြေမိဘူး။ ဟုတ်ပ…လေဘယ်လ်တွေကို တိုက်ရိုက်သွားလို့ရအောင် ကျနော်မလုပ်ထားမိဘူး။ လောလောဆယ်တော့ မလုပ်တတ်သေးဘူးဗျ။ ဟိုကြည့်၊ ဒီကြည့်၊ ဟိုကူး၊ ဒီကူး လုပ်လိုက်အုံးမယ်။ မေးတဲ့အတွေက် ကျေးဇူးဗျာ