Tuesday, May 22, 2007

ဘလဲ၊ ချီရတ် နဲ့ ကိုသန်းရွှေ

Two of Europe’s most important leaders concluded their political careers this week: British Prime Minister Tony Blair, who announced his imminent retirement, and France’s President Jacques Chirac, who is making room for the newly elected Nicolas Sarkovy.

At first sight, nothing unusual. Mr Blair has been in power for 10 years, and Chirac for over 12; the rotation of leaders is the essence of any well-functioning political system……………………….

Mr Blair did not have to retire. He won the last elections – handsomely – and could have remained in power for another three years. He may be unpopular at the moment, but his likely successor – British Finance Minister Gordon Brown – is not very popular either. Yet, it is off with Mr Blair’s head, mainly because his ruling Labour Party needs a “fresh face” in preparation for the next general election. Mr Chirac’s position is slightly different He has completed his second presidential term. But he could have run for the presidency again; he didn’t, mainly because he was considered too old for the job.

Extracted from “World this week”. The Straits Times Saturday, May 12 2007.

အကျဉ်းချုပ်ကတော့ ၁၀နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ် တိုနီဘလဲနဲ့ ၁၂နှစ်ကျော် အုပ်ချုပ်ခဲ့တဲ့ ပြင်သစ် သမ္မတ ဂျက်ချီရတ် တို့နှစ်ယောက် ဒီအပတ်ထဲမှာပဲ အနားယူသွားကြပြီဆိုတာပါ။

ချီရတ်က သမ္မတသက်တမ်း နောက်တခေါက် ထပ်ပြိုင်လို့ရသေးရဲ့သားနဲ့ မပြိုင်တော့ဘဲ နေခဲ့တာပါ။ ၁၉၃၂ ဖွား ချီရတ်က သူဒီအလုပ်အတွက် သိပ်အိုနေပါပြီတဲ့။

တိုနီဘလဲကတော့ ၀န်ကြီးချုပ်သက်တမ်း ၃ နှစ်ကျန်သေးတာကို သူ့ပါတီ နောက်ရွေးကောက်ပွဲမှာ မျက်နှာပန်းလှဖို့ “မျက်နှာသစ်” လိုတယ်ဆိုပြီး နှုတ်ထွက်ပေးလိုက်တာပါ။ သူ့ကို လူကြိုက်နည်းလာတာကြောင့်လည်း ပါပါတယ်။

ကွာပုံ….ကွာပုံ။ ကျနော်တို့ရဲ့ ၁၉၃၃ ဖွား ကိုသန်းရွှေကရော….။

တကယ်တော့ ကျနော်တို့ရဲ့ စစ်ခေါင်းဆောင်များဟာ နှုတ်ထွက်ဖို့ မလိုဘူး။ ဘာလို့လဲဆိုတော့ နဂိုတည်းက ဒီအာဏာကြီးလိုချင်လို့ပဲ အတင်း လုယူထားတဲ့ဟာကို။ အဲဒါကြောင့် လူကြိုက်နည်းတာလည်း ဂရုစိုက်စရာ မလိုဘူး။ ဘာလို့လဲဆိုတော့ နဂိုတည်းက ဘယ်သူမှမှ မကြိုက်ကြဘဲ။ “မျက်နှာသစ်” လည်းမလိုဘူး။ တယောက်တည်း အုပ်ချုပ်ချင်လို့ အာဏာရှင်လုပ်နေတာ။ မဟုတ်မှတော့ ၁၉၉၀ တည်းက အာဏာစွန့်လိုက်မပေါ့လို့။ အိုလာပြီ ဆိုတာတော့ လာမပြောနဲ့။ မအိုခင်များ နားချင်ရင် Road Map ၇ ချက်ဆိုပြီး လူကြားကောင်းယုံ အော်နေပါ့မလား။ ခုထိတောင် နံပါတ် ၁ အချက်ပြီးသေးတာ မဟုတ်ဘူး။ မျှော်လင့်မနေနဲ့။ သနားတယ်……………………။

0 comments: