Wednesday, April 18, 2007

နိုင်ငံတော် အလံသစ် ဟောကိန်း

ဒေါင်းစကြာလုလင်၏ ဗမာပြည်ဟောကိန်းထဲက စာတွေကို ထုတ်ထုတ်ရေးနေတာကြာပါပြီ။ ဒီစာအုပ်ဟာ ဗေဒင်ဆရာ ဒေါင်းစကြာ ဟောတာတွေ ဘယ်လောက်မှန်သလဲဆိုတာကို တကယ့် အဖြစ်အပျက်တွေနဲ့ ယှဉ်ပြထားတာပါ။ အဓိက မှန်သွားတာကတော့ ဦးနုအစိုးရ ပြုတ်ကျမယ်၊ တတိယ အင်အားစု တက်လာမယ်ဆိုတာပါပဲ။ ဟောကိန်းကို ရန်ကုန်ရက်စွဲ (၂၇-၁၂-၆၁)နေ့ထုတ် ဂါဒီးယန်း သတင်းစာ မျက်နှာဖုံး၊ မြန်မာ့လမ်းစဉ် စာမျက်နှာ (၄)၊ (၂၉-၁၂-၆၁) ထုတ် ဟံသာဝတီ သတင်းစာ စာမျက်နှာ(၈)၊ ဗိုလ်တထောင် သတင်းစာ စာမျက်နှာ(၇)၊ (၂၈-၁၂-၆၁) ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ(၇) တို့မှာ ဖော်ပြခဲ့တယ် ဆိုပါတယ်။

ကိုးကား ။ ။ စာမျက်နှာ -၈၆

ဒီဟောကိန်းအပြင် ဆင်ဖြူတော်ဟောကိန်းဆိုတာကိုလည်း ၁၉၅၉ သြဂုတ် ၂၆ ရက်နေ့မှာ ဟောဆိုပြီး မန်းသူရိယ သတင်းစာမှာ အခြေအနေအရ ဖော်ပြသင့်သည်များကိုသာ ဟောကိန်း(၈)ချက်အနေနဲ့ (၁၆-၇-၆၁)မှာ တိုင်းပြည်ကို အသိပေးခဲ့ပါသတဲ့။

ကိုးကား ။ ။ စာမျက်နှာ -၁၀၃

မန်းသူရိယ သတင်းစာ၌ ဆင်ဖြူတော်ဟောကိန်း(၈)ချက် ဟောဆိုခဲ့ရာ အမှတ်(၇)တွင် နိုင်ငံတော်အလံ ပြောင်းမည်ဟု ဟောဆိုခဲ့၏။ သို့သော် ထိုဟောကိန်းတွင် ပြောင်းမည်ဟုသာ ပါရှိခဲ့ပေသည်။ မည်သည့်အလံ ပြောင်းမည်ဟု အခြေအနေအရ ထိုစဉ်က အတိအကျ မထုတ်ဖော်ခဲ့။ ယခု ပြောင်းလဲမည့် အလံတော်ကို ထုတ်ဖော်ဟောဆိုရသော် တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် လူမျိုးစုအားလုံး စည်းရုံးချစ်ကြည်မှုကို အကျိုးပြုသောအားဖြင့် ပြောင်းလဲမည့် နိုင်ငံတော်အလံမှာ။

(၁) ဒေါင်းပါမည်။

(၂) ကြယ်ပါမည်။

(၃) အရောင်မှာ အနီရောင် အခြေခံမည်။

၎င်းပြောင်းလဲမည့် အလံတော်သည် မြန်မာနိုင်ငံတော် တိုင်းကြီး(၈)တိုင်းအပေါ်တွင် အောင်မြင် ၀င့်ကြွားစွာ လွှင့်ထူလိမ့်မည်။………………………………………………………….

……………………………………………

…………………………………………..

သို့သော် ထိုနိုင်ငံတော်၏ အလံသစ်ကို(မပြောပလောက်သော လူနည်းစုများမှအပ) ရာခိုင်နှုန်း များပြားလှစွာသော ရဟန်းရှင်လူများနှင့် လူတန်းစား အသီးသီးတို့သည် (ဖရဏာပီတိ ဂွမ်းဆီထိ) သကဲ့သို့ နှစ်လိုအားရ ၀မ်းမြောက်ရွှင်လန်းကြည်နူးစွာ ကြိုဆို လက်ခံကြမည် ဖြစ်သည်။

စာမျက်နှာ ၁၀၀ မှ ၁၀၃ အတွင်း တိုက်ရိုက်ကူးချသည်။

ကဲ…..ဟောကိန်းဆိုတော့လည်း ၁၀၀% တခါတည်း မမှန်ဘူးပေါ့လေ။ တိုင်းကြီး(၈)တိုင်းလည်း မမှန်ဘူး။ တော်လှန်ရေးကောင်စီက တိုင်းပြည်အကျိုးပြုမယ်ဆိုတာလည်း မမှန်ဘူး။ အလံသစ်လည်း မမှန်ခဲ့ဘူး။

ကျနော်ဗေဒင်မယုံပါ။ လုံးဝ(လုံးဝ) မယုံပါ။ ဒါပေမယ့် နိုင်ငံတော်ကို အကျိုးပြုမယ့် နိုင်ငံတော် အလံသစ်တော့ ယုံချင်တယ်ဗျာ။ ဒီအလံနဲ့ဆိုရင်တော့ တိုင်းပြည်တကယ် အကျိုးရှိမှာ အမှန်ပဲ။ မြင်ဖူးသလိုလိုမရှိလား။ သတိလေးမထားမိရင် ထပ်ပြောမယ်။

(၁) ဒေါင်းပါမည်။

(၂) ကြယ်ပါမည်။

(၃) အရောင်မှာ အနီရောင် အခြေခံမည်။

ဟုတ်ပြီနော်။ အချက်(၃)ချက်လုံး ဒီအလံနဲ့ အံကိုက်ပဲ။ ကဲ ဒေါင်းစကြာလုလင်ရဲ့ ဟောကိန်းလေးက မှန်တော့မှန်မယ်။ နည်းနည်းတော့ ကြာမယ်နဲ့တူတယ်။

8 comments:

Anonymous said...

Yes!!!

Mr.Pooh @ မောင်ပွတ် said...

မြန်မာ Blog တွေပေါ်က Post ကောင်းကောင်းလေးတွေကို စာအုပ်ထုတ်ဖို့ ကျွန်တော်တို့ကြိုးစားနေပါတယ်။ အကျိုးအမြတ် တစုံတရာရလာခဲ့ရင် လိုအပ်နေတဲ့နေရာ တွေမှာလှူဒါန်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ သိပြီးသားလည်း ဖြစ်မှာပါ။ Blog တွေကို ခွဲတမ်းနဲ့ဖတ်ပေးကြမှာဖြစ်ပြီး အခုဒီ Blog ကိုတော့ ကျွန်တော်ဖတ်ရမှာပါ။ ဒီ Blog ထဲက သင့်တော်တဲ့ Post များတွေ့ခဲ့ရင် ထပ်ဆင့်ရွေးချယ်တဲ့ အဖွဲ့ကို ကျွန်တော်က တင်ပေးလိုက်မှာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီရွေးချယ်ခံရတဲ့ Post ကိုသုံးခွင့်ပြုဖို့ သဘောတူ၊ မတူသိပါရစေ။ နောက်ပြီး ပါစေချင်တဲ့ Post လေးများရှိရင်လည်း အကြောင်းကြားပေးစေလိုပါတယ်။ ပိုင်ရှင်ရဲ့သဘောထားကို ဒီ Comment ရဲ့အောက်မှာ ဆက်လက်ဖေါ်ပြပေးစေလိုပါတယ်။ ပူးပေါင်းကူညီမှုကို ကျေးဇူးတင်လျက် ...
Mr.Pooh (myanmaroa6.blogspot.com)
အသေးစိတ်သိလိုပါက ... http://soezeya.blogspot.com နှင့် mmblogbook@gmail.com သို့ဆက်သွယ်ပါ။

generation96 said...

ပြဿနာမရှိပါဘူးဗျာ။ တခုဘဲရှိတယ်။ ကျနော့် post တွေက တခုမှ နိုင်ငံရေးနဲ့လွတ်တာ မပါဘူး။ တော်တော်လေး edit လုပ်မှရလိမ့်မယ်။ မိတ်ဆွေတို့ရဲ့ ကြိုးစားမှုကို လေးစားပါကြောင်းလည်း ဒီနေရာကနေပဲ ပြောလိုက်ပါတယ်။

ကလိုစေးထူး said...

ကျနော်သည်လည်း ဗေဒင်ကို လုံးဝ(လုံးဝ) မယုံပါ။ ဗေဒင်ဆရာခိုင်းသမျှ လိုက်လုပ်နေသော ဟိုလူကြီးများကိုလဲ.. လုံးဝ.. လုံးဝ။
ကို generation 96 ပို့စ်ထဲက ဒေါင်းစကြာလုလင် ဟောကိန်းရဲ့ အလံကို စိတ်ကူးပုံဖော်ပြီး ပုံလေးနဲ့ တကွ တင်ရင် ပိုမိုက်မယ်ဗျာ။ :)

Anonymous said...

ကိုမျိုးဆက်ရေ… အလုပ်တွေ ရှုပ်နေလား။

generation96 said...

ကိုသံလွင်ရေ..ကျနော်လည်း အလံကို တင်ချင်တယ်ဗျ။ ဒါပေမယ့် အင်တာနက်က ပုံတွေက အချိုးအစား မမှန်လို့၊ ကျနော်ကိုတိုင်လည်း မဆွဲတတ်တာနဲ့ မတင်လိုက်တာ။
ကိုပု…ဟုတ်ပ၊ ရှုပ်နေတာ ခုမှ နည်းနည်းလေး အချိန်ရလို့။

ခုမှပြန်ပြောနိုင်တာ အားလုံးကို ဆောရီးပါ။

Anonymous said...

Dear 96s
Nice articles..
I love Dawn Sakkyar.

Also, the article, "Burma at Starting Bad Fate" is historically valuable.

I have recommended your blog at my page without your acknowledgement, and I request for your approval.
Cheers!
Mg Yin
Think we have spent the same university age within 1987-1996..

generation96 said...

ကိုမောင်ရင်….ဖြစ်မှ ဖြစ်တတ်ပလေ…ကျနော်က ကိုမောင်ရင့်ဆီ ရောက်နေတဲ့ အချိန် ကိုမောင်ရင်က ကျနော့်ဆီရောက်နေတယ်။ ကျနော် တက္ကသိုလ်စတက်တာ ၉၅ အကုန်မှဗျ။ ကိုမောင်ရင် ကျနော့်ထက် အများကြီး ကြီးပုံရတယ်။